Thursday, April 7, 2016

ပုလဲမြို့နယ်တွင် သစ်မျိုးစုံ ၃၇ တန်ကျော် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် သစ်တောဦးစီးဌာနသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ တရားမဝင် သစ်များခိုးယူခြင်း၊ ခုတ်လှဲခြင်း၊ သယ်ဆောင် ခြင်းများကို စီမံချက်ချပြီး စစ်ကြောင်းအသွင်ဖြင့် ကာကွယ်ဖမ်းဆီးလျက်ရှိရာ ဧပြီ ၃ ရက်က ပိုင်ရှင်မဲ့ သစ်မျိုးစုံ ၃၇ တန်ကျော်ကို သိမ်းဆည်းရမိခဲ့သည်။

ယင်းမာပင်ခရိုင်နှင့် ပုလဲမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် ချင်ပြစ် ရဲစခန်းမှူး ရဲအုပ်ကျော်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မရိုးတုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနေလင်းနှင့် ပူးပေါင်းအဖွဲ့သည် ဧပြီ ၃ ရက် က မရိုးတုန်း (အရှေ့) ကျေးရွာ ဘုန်းတော်ကြီး ကျောင်းအနီးတွင် ပိတောက်ခွဲသား ၄၈ ချောင်း (၇ ဒသမ ဝ၈၅ဝ၉ တန်)၊ မရိုးတုန်းကျေးရွာ၏ အနောက်တောင်ဘက် တစ်မိုင်ခန့်အကွာတွင် ကျွန်းခွဲသား ၁ဝ၄ ချောင်း (၃ ဒသမ ၈၂ဝဝ တန်)၊ ပိတောက်ခွဲ သား ၄၇ ချောင်း (၄ ဒသမ ၄၄၉၄ တန်)၊ ပိတောက်ယောင်ခြမ်းတစ်ချောင်း (ဝ ဒသမ ၂၂၇ဝ တန်)၊ မရိုးတုန်း(အရှေ့) ကျေးရွာ၏ တောင်ဘက် တစ်မိုင်ခန့်အကွာတွင် ပိတောက်ခွဲသား ၈၄ ချောင်း (၆ ဒသမ ၁၅၄၆ တန်)၊ ပိတောက်ယောင်ခြမ်း သုံးချောင်း ( ဝ ဒသမ ၅၄၆ဝ တန်)၊ ကျွန်းခွဲသား ၁ဝ ချောင်း ( ၁ ဒသမ ၇၄ဝ၆ တန်)၊ ပိတောက်ခွဲသား ၅ဝ ချောင်း ( ၇ ဒသမ ၆၇၈၄ တန် )၊ ပိတောက်သစ်ခုနစ်ချောင်း ( ၁ ဒသမ ၁၉၈ တန်)၊ ပိတောက်ခွဲသား ၂၃ချောင်း (၃ ဒသမ ၆၆၄၆ တန်)၊ ပိတောက်ယောင်ခြမ်း သုံးချောင်း (ဝ ဒသမ ၅၃၈ဝ တန်) စုစုပေါင်း သစ်မျိုးစုံ ၃၇ ဒသမ ၁ဝ၁၆ တန်အားပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည့် တရားမဝင် သစ်မျိုးစုံ ၃၇ တန်ကျော်ကို ပုလဲ မြို့နယ် သစ်တောဦးစီးဌာန၌ ထိန်းသိမ်းထားရှိကြောင်းနှင့် သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်စေရေးအတွက် ကျေးရွာ များသို့ကွင်းဆင်း၍ ပညာပေးဟောပြော ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ ဖမ်းဆီးအရေးယူခြင်းလုပ်ငန်းများကိုလည်း အရှိန်တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment