Tuesday, April 5, 2016

အေဂျင်စီအချို့နှင့် ထိုင်းပွဲစားများမှ မြန်မာလုပ်သားများ အပေါ် အမြတ်ထုတ် ထင်ရာလုပ်ခြင်းကို အရေးယူပေး ရန် နှစ်နိုင်ငံအစိုးရထံ တောင်းဆို

လုပ်သားပို့ လိုင် စင်ရအေဂျင်စီအချို့နှင့် ထိုင်းမှဆပ် ကန်ထရိုက်ပွဲစားများက MoU (ထိုင်း- မြန်မာနှစ်နိုင်ငံ အလုပ်သမား ပို့ဆောင် မှုစနစ်)စနစ်ကိုအသုံးချကာ မြန်မာ လုပ်သားများအပေါ် အမြတ် ထုတ် နေခြင်းကို အရေးယူဆောင်ရွက် ပေးရန် ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ ပြောင်း လုပ်သားအခွင့်အရေးကွန်ရက် (MWRN) မှ နှစ်နိုင်ငံအစိုးရထံ တောင်းဆိုထားကြောင်းသိရသည်။

မြန်မာလုပ်သားပို့ခွင့်လိုင်စင် ရအေဂျင်စီအချို့မှချမှတ်ထားသည့် စည်းကမ်းဥပဒေနှင့်မညီညွတ်ဘဲ ထိုင်းနိုင်ငံဘက်မှ ဆပ်ကန် ထရိုက် ပွဲစားများနှင့်ပူးပေါင်းကာ စာချုပ်ပါ အလုပ်အကိုင်နှင့်တည်နေရာများ ကို ပို့ဆောင်ခြင်းမရှိဘဲ လုပ်သားများ ကို အသုတ် လိုက်ခွဲ၍ နေရာပေါင်း များစွာသို့ ပို့ဆောင်ကာ လုပ်သား များပေါ်မှခေါင်းပုံဖြတ် အမြတ်ထုတ် နေခြင်း များစွာရှိနေသဖြင့် ထိရောက် သည့် အရေး ယူဆောင်ရွက် မှုများပြု လုပ်ပေးရန်တောင်းဆိုထားခြင်းဖြစ် ကြောင်း ဧပြီ ၃ ရက်ကသိရသည်။
" ထိုင်းဘက်ကိုလည်း ထိုင်း DOE က ညွှန်ချုပ်နဲ့တွေ့ဆုံပြီး ဟိုဘက်ကဆပ်ကန်ထရိုက်အေဂျင် စီကို အရေးယူပေးဖို့တောင်းဆို ခဲ့ တယ်။ ဒီဘက်မှာလည်းတောင်းဆို ရမှာပေါ့။ ဒီလို နှစ်ဖက်စလုံးလုပ်မှ ဒီ MoU စနစ်မှာ နောက်နောင် မတ ရားလုပ်မှုတွေလျော့နည်းပပျောက် မှာပေါ့}} ဟု MWRN ဥက္ကဋ္ဌ ဦးစိန် ဌေးက ဒီမိုကရေစီတူဒေးသို့ ဧပြီ ၃ ရက်တွင်ပြောသည်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် လည်း တရားဝင်လိုင်စင်ရအေဂျင် စီ နှစ်ခုမှ မြန်မာလုပ်သား ၄၀၀ ခန့် ကိုပို့ဆောင်ခဲ့ရာတွင် သဘော တူ စာချုပ်ပါလုပ်ငန်းအမျိုးအစားများ တွင်မဟုတ်ဘဲ ကန်ချနပူရီ၊ ပထုမ် ဌာနေ အစရှိသောခရိုင်များရှိ ပေါင် မုန့်လုပ်ငန်း၊ ကားပစ္စည်းထုတ်လုပ် သည့်လုပ်ငန်း၊ သစ်စက်ရုံလုပ်ငန်း စသည့်လုပ်ငန်းများသို့ လူစုခွဲ၍ ပို့ဆောင်ခဲ့ကာ အချို့သည် အလုပ် မရရှိဘဲ ပို့ဆောင်သည့်နေရာတွင် အခက်အခဲဒုက္ခဖြစ်ကာ နေထိုင်ခဲ့ရ ကြောင်း၊ ၎င်းင်းလူ ၄၀၀ ကျော်မှ ၆၀ ခန့်သည် လုပ်သားပြဿ နာမကြာ ခဏဖြစ်ပွားလေ့ရှိပြီး လုပ်သားများ အပေါ် အမြဲခေါင်းပုံဖြတ်လေ့ရှိသည့် စမွတ်စာခွန်ခရိုင်၊ မဟာချိုင်နယ် မြေရှိ ဂိုးလ်ဒင်းပရိုက်စ်ငါးသေတ္တာ စက်ရုံသို့ပို့ဆောင်ခဲ့ကြောင်း MW RN တောင်းဆိုစာပါအထောက်အ ထားများအရသိရသည်။
၎င်းင်းလုပ်သား ၆၀ ခန့်သည့် အဆိုပါငါးသေတ္တာစက်ရုံတွင် အလုပ် လုပ်ကိုင်နေစဉ် ပတ်စ်ပို့နှင့် အလုပ် ပါမစ်များကို သိမ်းဆည်းထားပြီး ပြင် ပနှင့် ဆက်သွယ်ခွင့်မရရှိရန်တား မြစ်ခြိမ်းခြောက်ခြင်း၊ တရားဝင်ပြု လုပ်ထားသည့်ပတ်စ်ပို့စာအုပ်ကို အသုံးမပြုစေဘဲ ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ပြုလုပ်ရသော ပန်းရောင် ကတ်ကိုအဓမ္မပြုလုပ်စေခြင်းတို့ကို လုပ်ဆောင်ကြောင်း MW RN မှ သိရသည်။
ယခုတွင် အဆိုပါအလုပ်သမား ၄၀၀ ခန့်အနက်မှ ငါးသေတ္တာ စက် ရုံမှ လုပ်သား ၆၀ ခန့်ကိုသာကယ် တင်နိုင်သေးပြီး ကျန်လုပ်သားများ ကိုမူ ကယ်တင်နိုင်ခြင်းမရှိသေးသ ဖြင့် ကျန်ရှိနေသည့်လုပ်သား ၃၄၀ ကိုလည်း ကူညီဆောင်ရွက်ပေးရန် နှင့် စည်းကမ်းဥပဒေနှင့်မညီညွတ် ဘဲ ဆောင်ရွက်ခဲ့သူများကို အရေး ယူပေးရန်နှစ်နိုင်ငံအစိုးရထံတောင်း ဆိုရခြင်းဖြစ်ကြောင်းသိရသည်။
" အခုတောင်းဆိုတဲ့ဖြစ်စဉ်ကို ဧပြီ ၄ ရက်ကျရင်စစ်ဆေးသွားပါ့ မယ်။ တစ်ဖက်က အေဂျင်စီတွေ ဘက်ကလည်း ဘယ်လိုတင်ပြထား လဲ ကြည့်သွားမယ်။ ထိုင်းဘက်ကို လည်း ဟုတ်၊ မဟုတ် အလုပ်သမား သံအရာရှိတွေနဲ့ ညှိနှိုင်းပြီးစစ်သွား မှာပါ " ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဒီမိုကရေစီတူဒေး သို့ပြောသည်။
Credit To >>> Democracy Today

0 comments:

Post a Comment