Tuesday, April 5, 2016

မန်းရွှေစက်တော်ဘုရားပွဲတွင် ငွေနှင့် ရွှေထည်ပစ္စည်းများ အခိုးခံရမှု တိုင်တန်းမှုဖြစ်ပွား

မင်းဘူး(စကု)မြို့ နယ်၊ မန်းရွှေစက်တော် ဘုရားပွဲ တော် နမ္မဒါ တည်းခိုဆောင်ဝန်းအ တွင်း ကားရပ်၍ ကားပေါ်တွင် အိပ် ခဲ့သော ဘုးရားဖူးတစ်ဦးငွေနှင့် ရွှေ ထည်ပစ္စည်းများအခိုးခံခဲ့ရမှုနှင့်ပတ် သက်၍ တိုင်တန်းမှုတစ်ခု ဧပြီ ၃ ရက်ကဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာ ယာမြို့နယ်နေ ဦးခင်မောင်ဝင်း ၊ အ သက် ၄၃ နှစ်သည် ဧပြီ ၃ ရက် နံ နက် ၂ နာရီ ၄၅မိနစ်အချိန်ခန့် တွင် ဇနီးဖြစ်သူ မသန်းသန်းမြင့်၊ သမီး ဖြစ်သူ မသက်ဝါသိမ့် ၊ မသော်ရတ နာထွန်း၊ သား မောင်သီဟဇော် တို့နှင့် အတူ ၎င်း ပိုင် SGG 2k ။-----ဇူး မော်တော်ယာဉ်ဖြင့် ရွှေစက်တော် ဘုရားသို့ ဘုရားဖူးရောက်ရှိခဲ့ပြီး ရွှေစက်တော် ဘုရားပွဲ နမ္မဒါ တည်းခို ဆောင်ဝန်း အတွင်းရှိ သန့်တည်းခို ခန်းအနီးကားရပ်၍ ကားနောက် ခန်းတွင် မိသားစုများနှင့်အတူအိပ် ကြစဉ် ဇနီးဖြစ်သူ မသန်းသန်းမြင့် မှ ငွေခြောက်သောင်း ၊ ပုလဲဆွဲကြိုး တစ်ကုံး၊ MC ရွှေဆွဲကြိုးတစ်ကျပ် သား တစ်ကုံး၊ န၀ရတ် လက်စွပ်တစ် ကွင်း၊ ကလေးနားဆွဲတစ်ရံ၊ ကလေး လက်စွပ်တစ်ကွင်း၊ LoLo အဖြူ ရောင်ဟန်းဆက်တစ်လုံး၊ ကျောက် အဖြူပါ ဘယက်တစ်နှစ်ခံရွှေတုတစ် ကုံး၊ တစ်နှစ်ခံလက်ကောက်တစ် ကွင်း ၊ ကျောက်ဖြူပါ တစ်နှစ်ခံနားကပ် တစ်ရံ၊ ကျောက်ဖြူပါ တစ်နှစ်ခံ လက်စွပ် တစ်ကွင်း၊ စုစုပေါင်းတန် ဖိုးကျပ် ၂၈၁၅၀၀၀ ခန့်အား နီညို ရောင်လက်ကိုင်အိတ်အတွင်းထည့် ကာ ခေါင်း အုံးအိပ် ခဲ့ပြီး နံနက် ၅ နာရီအချိန်ခန့်တွင် အိပ်ရာမှနိုးစဉ် ခေါင်းအုံးအောက်ထားသော လက် ကိုင်အိတ်မှာပျောက် ဆုံးနေ ခဲ့ခြင်း ဖြစ်ကြောင်း တရားလို၏တိုင်ကြား ချက်အရသိရသည်။ ယင်းပစ္စည်း များ အခိုးခံခဲ့ရမှုနှင့်ပတ်သက်၍ ဦး ခင်မောင်ဝင်းမှ တရားလိုပြုလုပ်တိုင် ကြားခဲ့သောကြောင့် မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်းမှ (ပ) ၄၇^ ၂၀၁၆၊ ပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့် ထားသည်။
Credit To >>> Democracy Today

0 comments:

Post a Comment