ရန်ကုန်တိုင်းဒေသ ကြီး အပါအ၀င်တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် လေပြင်း တိုက်ခတ်ခြင်း၊ မိုးသီးကြွေ ခြင်း၊ လျှပ် စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့် မိုးလေ၀သဖြစ်စဉ်များကို ဧပြီ၂၉ ရက်မှ မေ ၅ ရက်နေ့အထိ ကြုံတွေ့ရနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
" မိုးကြိုကာလတွေမှာ ဖြစ်လေ့ ရှိတဲ့ ရာသီဥတုအခြေအနေပါ။ မိုး တိမ်တောင်ကြောင့်ဖြစ်တာ။ ဒီနှစ် ထူးခြားချက်က အနောက်လေပွေ လှိုင်း ပုံမှန်ထက်ပိုအားကောင်းတဲ့ အတွက်အလယ်ပိုင်းတွေမှာ ရက် ဆက်လေပြင်းတိုက်တာ၊ မိုးသီးကြွေ တဲ့ ဖြစ်စဉ်တွေဖြစ်တယ်။ မိုးသီးကလည်း ပုံမှန်ထက်ပိုကြီးတာဟာ တစ်နှစ် ထက်တစ်နှစ်အစွန်းရောက် ရာသီဥတု ဖြစ်စဉ်တွေ ပိုများလာတာကိုပြတယ် " ဟု မိုးလေ၀သနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကျော်မိုးဦး က ဒီမိုကရေစီတူဒေးသတင်းစာသို့ ဧပြီ ၂၈ရက်နေ့ကပြောသည်။
မြန်မာနိုင်ငံ၏ အရှေ့ဘက်နှင့် အနောက်ဘက်တို့ မှ ရွေ့လျားလာ သောလေပွေလှိုင်းများ၏ အရှိန် ကြောင့် နေ့အပူချိန်များမြင့် တက် ၍ လေထုမငြိမ်မသက်မှုများဖြစ်ပေါ် လာခြင်းကြောင့် နေပြည်တော်၊ စစ် ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည် နယ်၊ ကယားပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာ ကွက်ကျားမှ နေရာကျဲကျဲနှင့်ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေ သကြီး နှင့် ရခိုင်ပြည်နယ်တို့တွင် မွန်းလွဲ၊ ညနေ ပိုင်းများတွင် နေရာကွက်ကျားမိုးထစ် ချုန်းရွာနိုင်ကြောင်း၊ မိုးရွာသွန်း စဉ် လေပြင်း တိုက် ခတ်ခြင်း၊ မိုးသီးကြွေ ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ် ခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ပြီး ၊ လေ ပြင်းတိုက်ခတ်စဉ် တွင် မြေပြင်လေ သည် တစ်နာရီလျှင် ၃၅ မိုင်မှမိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုး^ဇလဦးစီးဌာနမှ ဧပြီလ ၂၈ ရက် နေ့က သတိပေးချက်ထုတ်ပြန်ထား သည်။
ယင်းနှင့်ပတ်သက်ပြီး မိုးလေ ၀သနှင့်ဇလဗေဒပညာရှင် ဒေါက် တာထွန်းလွင်ကလည်း " အနောက် တောင်မုတ်သုံလေဟာ ပုံမှန်ထက် နောက်ကျဖို့သာရှိနေပါတယ်။ ဒီ ကြားထဲမှာ မိုးတိမ်တောင်တွေကိုသတိ ထားပါ" ဟု သတိပေးထားသည်။
လွန်ခဲ့သည့် တစ်ပတ်ခန့်က လည်း မြန်မာနိုင်ငံအရပ်ရပ်တွင် အနောက်တောင် မုတ်သုံရာသီဥတု မကျမီမိုးကြိုကာလအချိန် တွင် နေ့ အပူချိန်များ မြင့်တက်လာရာမှမွန်း လွဲ၊ ညနေပိုင်းတို့တွင်မိုးတိမ်တောင် များဖြစ်ပေါ်ပြီး အဆိုပါမိုးတိမ်တောင် များအားကောင်းလာ မှုကြောင့် ဧပြီလ ၂၂ရက်နေ့မှ ၂၅ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး အစရှိသည်တို့တွင် လေပြင်းတိုက်ခတ် ခြင်း၊ မိုးထစ်ချုန်းခြင်း၊ လျှပ်စီးလက် ခြင်း၊ မိုးသီးကြွေခြင်းနှင့်မိုးထစ်ချုန်း ရွာခြင်းစသည့် မိုးလေ၀သဖြစ်စဉ်များဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များကြောင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ခုနစ်ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ခုနစ်ဦး နှင့်ရှမ်းပြည်နယ်တွင် တစ်ဦး သေဆုံး မှုများရှိခဲ့သည့်အပြင် တိရစ္ဆာန်များ ထိခိုက်သေဆုံးခြင်း၊ နေအိမ်များ၊ အဆောက်အအုံများ ပျက်စီးဆုံးရှုံး ခြင်းများ လည်းရှိခဲ့ကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၏ စာရင်း များအရသိရသည်။
Credit To >>> Democracy Today
0 comments:
Post a Comment