မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ၏ ရှယ်ယာများကို ရန်ကုန်စတော့အိတ်ချိန်းတွင် ရောင်းချရန် အတွက် သတ် မှတ်ချက်များ ပြည့်မီရန်ပြင်ဆင်ဆောင်ရွက်နေ သောကြောင့် မေလဒုတိယပတ်အတွင်းမှသာ အရောင်းအဝယ် စတင်နိုင် မည်ဖြစ်ကြောငှ်းSecurities Company များမှ သိရ သည်။
သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီအနေဖြင့် ပထမပိုင်း၌် ဧပြီလ ကုန်ပိုင်းတွင် စတင်ရောင်းချမည်ဖြစ်ကြောင်း ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောဆိုထားသော်လည်း ယခုမူ မေလမှ သာရောင်းချရန်စီစဉ်နေ ခြင်းဖြစ်သည်။
”သီလဝါ ရှယ်ယာတွေက မေလဒုတိယပတ်လောက်မှာ စတင်ပြီး အရောင်းအဝယ် လုပ်လောက်တယ်။ ရှယ်ယာတွေ ထုတ်ရောင်းပြီ ဆိုတာနဲ့ ကြေညာမှုတွေ ပြုလုပ်ပေးပါလိမ့်မယ်” ဟု AYA Securities Company တာဝန်ရှိသူတစ်ဦးက ပြော သည်။
လတ်တလောတွင် သီလဝါအထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီအနေဖြင့် ရှယ်ယာရှင်ပေါင်း တစ်သောင်းရှစ်ထောင် နီးပါးရှိနေပြီး အစုရှယ်ယာပေါင်း သန်း ၄ဝ အထိ ရှိနေကြောင်း ကုမ္ပဏီစာရင်းများအရ သိရသည်။
လက်ရှိတွင် ရန်ကုန်စတော့ဈေးကွက်အတွင်း ရှယ်ယာ ရောင်းချခွင့်ရ အများပိုင်ကုမ္ပဏီခြောက်ခုအနက် FMI ကုမ္ပဏီ မှာ ဈေးကွက် တွင် တစ်ဦးတည်း ပထမဆုံးရောင်းချခွင့် ရရှိ ထားကာ သီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီသည် ဒုတိယ မြောက် ရောင်းချ မည့်ကုမ္ပဏီ ဖြစ်လာနိုင်မည်ဖြစ်သည်။
ရန်ကုန် စတော့ဈေးကွက်၌ အများပိုင်ကုမ္ပဏီခြောက်ခု ဖြစ်သည့် First Myanmar Investment ၊ First Private Bank (ပထမ ပုဂ္ဂလိကဘဏ်)၊ Myanmar Citizen Bank ၊ Myanmar Thilawa SEZ Holdings Public ကုမ္ပဏီ၊Great HOR KHAN Public Co., ၊ Myanmar Agri business Public Corporation (MAPCO) တို့က ရှယ်ယာရောင်းချခွင့် ရရှိ ထားသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးစတော့အိတ်ချိန်း ဖြစ်သည့် ရန်ကုန် စတော့ အိတ်ချိန်းကို မြန်မာ့စီးပွားရေးဘဏ်က ၅၁ ရာခိုင်နှုန်း၊ တိုကျို စတော့အိတ်ချိန်းက ၁၈ ဒသမ ၇၅ ရာခိုင် နှုန်းနှင့် ဂျပန်ဒိုင်ဝါ သုတေသနက ၃ဝ ဒသမ ၂၅ ရာခိုင်နှုန်း ထည့်ဝင်၍ အကောင်အထည်ေ ဖ်ာခဲ့ကြခြင်း ဖြစ်သည်။
ရန်ကုန်စတော့ အိတ်ချိန်းသို့ရှယ်ယာများဝင်ရောက် ရောင်းချခွင့်ရထားသည့် အခြားကုမ္ပဏီများမှာ မြန်မာနိုင်ငံ သားများဘဏ်၊ ပထမ ပုဂ္ဂလိကဘဏ်၊ မြန်မာ့ လယ်ယာစီးပွား ရေး အများပိုင်ကော်ပိုရေးရှင်းနှင့် Great Horkham ကုမ္ပဏီ တို့ဖြစ်ကြောင်း၊ ရှယ်ယာရောင်း ချခွင့်ပြုရန် လျှောက်ထားသည့် အများပိုင် ကုမ္ပဏီများလည်းရှိကြောင်း၊ လက်ရှိခွင့်ပြုထားသည့် ကုမ္ပဏီများနှင့် ထပ်တိုးမည့်ကုမ္ပဏီများ စုစုပေါင်းလျှင် ရှယ် ယာဈေးကွက်တွင် ရောင်းချခွင့်ရရှိမည့်ကုမ္ပဏီ ၁ဝ ခု ကျော် မည်ဖြစ်ကြောင်း သိရသည်။
Credit To >>> ပြည်မြန်မာ
Friday, April 29, 2016
သီလဝါ အများပိုင်ကုမ္ပဏီ ရှယ်ယာရောင်းချမည့်ရက် နောက်ဆုတ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment