Friday, April 29, 2016

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကန့်သတ်နယ်မြေ ဧရိယာ သို့ ခေါ်ဆောင် မသွားရေး ညွှန်ကြားချက်များထပ်ထုတ်မည်

လုံခြုံရေးအခြေအ နေအရ သွားလာခွင့်ကန့်သတ်ထား သည့်နယ်မြေဧရိယာများသို့ ကမ္ဘာ လှည့် ခရီးသွား ဧည့်သည်များ အား ခေါ်ဆောင် မသွားစေရန် ညွှန်ကြား ချက်များထပ်မံထုတ်ပြန်ရန် စီစဉ် သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ဧပြီ ၂၆ ရက်က သွားလာခွင့်ပြု သည့် ကျောက်မဲမြို့ဧရိယာမှကျော် လွန်ပြီး ကန့်သတ်ဧရိယာထဲသို့ရောက် ရှိသွားရာမှ နိုင်ငံခြား သား ခရီးသွား ဧည့်သည်နှစ်ဦး မိုင်းနင်းမိသော ကြောင့် ထိခိုက်မှုများဖြစ်ပွား ခဲ့သ ဖြင့် နောက်နောင်တွင် ထိုကဲ့သို့သော ဖြစ်ရ ပ် မျိုး ထပ်မံဖြစ်ပေါ်ခြင်း မရှိစေ ရေးအတွက် ဧည့်လမ်းညွှန်များအနေ ဖြင့် ကန့်သတ်နယ်မြေ ဧရိယာများ အတွင်းသို့ ကမ္ဘာလှည့်ခရီး သွားဧည့် သည်များကို ခေါ်ဆောင် မသွားစေ ရန် ညွှန်ကြားချက်များ ထပ်မံထုတ် ပြန်ကြေညာခြင်းကို လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
" ကန့်သတ်ဧရိယာကို ဒေသခံ ကသိတယ်။ ပြီးတော့ ခုဖြစ်သွားတဲ့ နိုင်ငံခြား သားနှစ်ဦးက သူတို့ဘာသာ သူတို့ လွတ်လွတ်လပ် လပ်နဲ့ လျှောက် ပြီးလေ့လာကြသူတွေဖြစ်တယ်။ ကျွန် တော်တို့ကြားတာတော့ လမ်း မှားပြီး ရောက် သွားတယ်လို့သိရတယ်။ ဘာ ပဲဖြစ်ဖြစ် ဒေသခံ အနေနဲ့လည်း ကန့် သတ်ဧရိယာထဲကို ခေါ်မသွားကြပါ နဲ့။ သတ်မှတ် ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေထဲမှာ ဆိုရင်လည်း ကန့် သတ်ဧရိယာထဲ ကို ခရီးသွားတွေကို ခေါ်ဆောင်မသွားဖို့ဆိုတာတွေပါ တယ်။ နယ်မြေတွေမှာ လည်း သူ့အဖွဲ့ အစည်းနဲ့သူရှိတယ်။ ကန့်သတ်တဲ့ အထဲရောက်သွားတော့ သူတို့နယ်မြေ ဖြစ်တယ် " ဟု ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီး ဌာန၊ ပြည်တွင်းပြည် ပဆက်ဆံရေးနှင့် သတင်းပြန် ကြား ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့် ထွေးက ဧပြီ ၂၇ ရက်က ဒီမိုကရေစီ တူဒေး သတင်းစာသို့ ပြောသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေ သကြီးနှင့် ပြည်နယ် အသီးသီး တို့တွင် နေရာဒေသ အလိုက် ကန့်သတ်နယ် မြေဧရိယာများရှိပြီး ယင်းတို့ကို ပြည် ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေ ညာခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ထုတ် ပြန်ကြေညာ သည့် နေရာဒေသများ ထဲမှ တစ်ခုခုကို Package Tour အဖွဲ့များက လေ့လာရန်ဆန္ဒရှိလျှင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လူ ၀င်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာနတို့သို့ ဆက်သွယ် အကြောင်း ကြားပြီး အဆိုပါဌာနတို့ ၏ ကူညီစောင့်ရှောက်မှု၊ လမ်းညွှန်ပြ သမှုတို့နှင့် အတူ သွားရောက်နိုင်သည်။
"ကန့်သတ်နယ်မြေထဲ လေ့လာ ဖို့သွားတဲ့ခရီးစဉ်က ညှိနှိုင်းပေးရတဲ့ ခရီးစဉ်ဖြစ်တယ်။ ဒါကြောင့် သက် ဆိုင်ရာဌာနတစ်ခုခုကို အကြောင်း ကြားဖို့လိုတယ်။ ဒေသခံတွေကလည်း ကန့်သတ်နယ်မြေထဲကို ခရီး သွားတွေ ကို ခေါ်မသွားဖို့ ညွှန်ကြားချက်တွေ ထုတ်သွားဦးမှာပါ " ဟု ၎င်း က ဆက် လက်ပြောသည်။
ကျောက်မဲမြို့ပေါ်ကိုသာ နိုင်ငံ ခြားသား ခရီးသွားဧည့်သည် သွား လာခွင့်ပြု ထားသော်လည်း အခြား နေရာများမှာ ကန့်သတ်နယ်မြေဧရိ ယာဖြစ်သည်။
ကန့်သတ်ဧရိယာများအတွင်း သို့ ခရီးသွားဧည့်သည်များ ကို ခေါ် ဆောင် မသွားရေးကိစ္စနှင့်ပတ်သက် ပြီး ထိုင်းခရီးသွားဧည့် လမ်းညွှန်တစ် ဦးဖြစ်သူ ကိုမင်းဇော်ထွန်းက " လာ တဲ့ခရီးသွားတွေဆိုရင် အစကတည်း က ကျွန်တော်တို့ကခရီးစဉ် ဆွဲပြီးသား ဖြစ်တယ်။ အဲဒီအတွက် သိပ်စိုးရိမ် စရာမရှိဘူး။ ဒါပေမဲ့ ဧည့်လမ်းညွှန် မခေါ်တဲ့ နိုင်ငံခြားသား ခရီးသွားဧည့် သည်တွေ (လွတ်လွတ်လပ်လပ်သွား ချင်တဲ့သူ)တွေကတော့ နယ်ဘက်တွေ လည်း မေးမြန်းသွားကြတယ်။ နယ် ဘက်ရောက်တော့ ဒေသခံတွေကို လိုက်ပို့ခိုင်းကြတယ်။ ဒေသခံကလည်း သူလမ်းညွှန်ခရမယ်ဆိုရင် ပြလိုက် မှာပဲ။ အဲဒီလိုတွေ မလုပ်ဖို့ ထိထိ ရောက်ရောက်လုပ်ဖို့လိုတယ်။ နယ် ဘက်တွေကို သေချာလေးညွှန်ကြား ထားဖို့လိုမယ်လို့ ကျွန်တော်ထင် တယ် " ဟု ပြောသည်။
Credit To >>> Democray Today 

0 comments:

Post a Comment