Wednesday, April 6, 2016

ကလေးမြို့တွင် လေပြင်းတိုက်ခတ်၊ လူတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဧပြီ ၅ ရက် ညသန်းခေါင်အချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့ရာ အဆောက်အအုံအချို့ပျက်စီးခဲ့ပြီး သစ်ပင်များ လဲကျခဲ့သည်။

ယင်းသို့ လေပြင်းများတိုက်ခတ်ချိန် လမ်းပေါ်တွင်ဆိုင်ကယ်မောင်းနှင်နေသူတစ်ဦးအပေါ်သို့ သစ်ကိုင်းကျိုးကျရာမှ ဦးခေါင်းကွဲအက်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ကလေးမြို့မရဲစခန်းထံမှ စုံစိမ်းသိရှိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment