Wednesday, April 6, 2016

ဝင်ငွေရလမ်းမဖော်ပြနိုင်သည့် အခွန်နှုန်းထားများ လျှော့ချမည်ဆိုသည်မှာ မဟုတ်မှန်ဟုဆို

ဝင်ငွေရလမ်းမဖော်ပြနိုင်သည့် (မော်တော်ယာဉ်နှင့် အိမ်၊ ခြံ၊ မြေ) အခွန်နှုန်းထားများကို လျှော့ပေးမည်ဟု သတင်းများထွက်ပေါ်နေခြင်းမှာ ကောလာဟလသာဖြစ်ပြီး မဟုတ်မှန်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန(နေပြည်တော်)မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“ဘာမှမလျှော့ပေးဘူး။ လျှော့ပေးဖို့ ဆွေးနွေးနေတာလည်း မရှိပါဘူး”ဟု ၎င်းကပြောဆိုသည်။
ယင်းအခွန်နှုန်းထားသစ်ဖြင့် ဧပြီလ ၁ ရက်နေ့မှ စတင်၍ ကောက်ခံနေပြီဖြစ်ပြီး လာရောက်ပေးဆောင်သူအချို့လည်း ရှိကြောင်း ၎င်းကဆိုသည်။
အခွန်နှုန်းထားလျှော့ချပေးရန် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မော်တော်ယာဉ်လုပ်ငန်းရှင်အချို့ ဆွေးနွေးနေသည်ဟု မတ်လ နောက်ဆုံးပတ်အတွင်းက သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ယင်းသတင်းများကြောင့် မော်တော်ယာဉ် ဝယ်လိုသူအချို့မှာ စောင့်ကြည့်နေကြကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်များက ပြောကြားသည်။
၂ဝ၁၅ အခွန်အကောက်ဥပဒေအရ ဝင်ငွေရလမ်းမဖော်ပြနိုင်ပါက တစ်ကျပ်မှ ကျပ် ၁,ဝဝဝ,ဝဝ,ဝဝဝ အထိကို သုံးရာခိုင်နှုန်း၊ ကျပ် ၁ဝဝ,ဝဝဝ,ဝဝ၁ မှ ကျပ် ၅ဝဝ,ဝဝဝ,ဝဝဝ အထိကို ငါးရာခိုင်နှုန်း၊ ကျပ် ၅ဝဝ,ဝဝဝ,ဝဝ၁ မှ ကျပ် ၁,ဝဝဝ,ဝဝဝ,ဝဝဝ အထိကို ၁ဝ ရာခိုင်နှုန်း၊ ကျပ် ၁ဝဝဝ,ဝဝဝ,ဝဝ၁ မှ ကျပ် ၁၅ဝဝ,ဝဝဝ,ဝဝဝ အထိကို ၂ဝ ရာခိုင်နှုန်းနှင့် ကျပ် ၁၅ဝဝ,ဝဝဝ,ဝဝ၁ နှင့် အထက်ကို ၃ဝ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သော်လည်း ၂ဝ၁၆ အခွန်ဥပဒေတွင် တစ်ကျပ်မှ သိန်း ၃ဝဝ အထိကို ၁၅ ရာခိုင်နှုန်း၊ သိန်း ၅ဝဝ မှ သိန်း ၁ဝဝဝ အထိကို ၂ဝ ရာခိုင်နှုန်းနှင့် ကျပ် ၁ဝဝ,ဝဝဝ,ဝဝ၁ နှင့် အထက်ကို ၃ဝ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ကြောင်း ယင်းအခွန်ဥပဒေများအရ သိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment