Monday, April 4, 2016

ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲဖွင့်

မြန်မာနိုင်ငံကျောက်မျက်ရတနာအသင်းချုပ်နှင့် Asia Connect (Thailand) Co.,Ltd. တို့၏ပူးပေါင်းစီစဉ်မှုဖြင့် ပဉ္စမအကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဖွင့်ပွဲကို ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းပေါ်ရှိ မြန်မာနိုင်ငံကျောက်မျက် ရတနာအသင်းချုပ်ရုံး ကုန်သွယ်မှုအရောင်းစင်တာတွင် ဧပြီ ၁ ရက် နံနက် ၉ နာရီ က ကျင်းပသည်။
ပြပွဲတွင် မြန်မာ၊ ထိုင်း၊ တရုတ်၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ အမေရိကန်၊ ဂျာမနီ အပါအဝင် နိုင်ငံပေါင်း ၁ဝ နိုင်ငံမှ ပြခန်းပေါင်း ၅ဝ ကျော်ပါဝင်ပြသကြပြီး ဧပြီ ၁ ရက်မှ ၄ ရက်အထိ လေးရက်တိုင်တိုင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ခင်းကျင်းပြသ သွားမည်ဖြစ်သည်။


သတ္တုတွင်းဝန်ကြီးဌာနသည် ၁၉၉၅ ခုနှစ်တွင် ကျောက်မျက်ဥပဒေကို ပြဋ္ဌာန်း ပြီးဖြစ်ပြီး လတ်တလော ကျောက်မျက်ဥပဒေအရ ပြည်ပပို့ကုန် ကျောက်မျက်အကြမ်းထည် ၃ဝ ရာခိုင်နှုန်း အခွန်ဆောင်ရန်ပြဋ္ဌာန်းထား၍ တန်ဖိုးမြှင့်အချောထည်တင်ပို့မှုကို ၅ ရာခိုင်နှုန်း လျှော့ပေါ့မည်ဖြစ်ပြီး မြန်မာ့ကျောက်မျက်များကို တောင်ကိုရီးယားနှင့် တရုတ်မှ အများဆုံး ဝယ်ယူသည်ဟု သိရသည်။ သတ္တုတွင်းဝန်ကြီးဌာနသည် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ ရေးနှစ်အတွက် ကျောက်မျက်ရတနာ ပြည်ပတင်ပို့မှုမှ အခွန်ဒေါ်လာသန်း ၁၄ ဒသမ ၆၅ သန်း ရရှိပြီးဖြစ်သည်ဟု သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment