Monday, April 4, 2016

သောင်​ရင်းမြစ်​ကမ်းစပ်​တွင်​ ထိုင်းနိုင်​ငံဘက်​မှ ကမ်းထိန်းနံရံ တည်​​ဆောက်​​နေမှု မြန်​မာဘက်​မှ တားမြစ်​ထားသော်​လည်း ဆက်​လက်​လုပ်​​ဆောင်​​နေ



နယ်​စပ်​စည်းခြား​ သောင်​ရင်းမြစ်​ကမ်းစပ်​တွင်​ ထိုင်းနိုင်​ငံဘက်​မှ ကမ်းထိန်းနံရံ တည်ဆောက်​​နေမှုကြောင့်​​ မြစ်​​ကြောင်း​ပြောင်းလဲကာ နှစ်​နိုင်​ငံနယ်​နမိတ်​ အငြင်းပွားဖွယ်​ထိ ဖြစ်​လာနိုင်​၍ မြန်​မာအာဏာပိုင်​များက မတ်၂၄ ရက်က တရားဝင်​ တားမြစ်​ခဲ့​သော်​လည်း ထိုင်းနိုင်​ငံဘက်​မှ ဆက်​လက်​လုပ်​​ဆောင်​​နေ​ကြောင်း သိရသည်​။

ထိုင်းနိုင်​ငံဘက်​မှ မြစ်​​ရေစပ်​ထိချ၍ ကမ်းထိန်းနံရံ တည်​​ဆောက်​​နေမှုအား မြန်မာနိုင်​ငံ မြ၀တီဘက်​မှ တပ်​၊ ရဲ၊ BGF၊ အုပ်ချုပ်​​ရေးမှ တာဝန်​ရှိသူများအပါအ၀င်​ အဖွဲ့စုံမှ မတ်​ ၂၄ ရက်​​ ည​နေက တားမြစ်​ခဲ့​ပြီး တရားဝင်​ စာဖြင့် ကန့်​ကွက်​​ကြောင်း သိရသည်​။
မြ၀တီမြို့ အမှတ်​(၅)ရပ်​ကွက်​ (၁၀) ဂိတ်​ တစ်ဖက်​ကမ်း သောင်​ရင်းမြစ်​ချောင်းအတွင်း ​ရေစပ်​တွင်​ ထိုင်းနိုင်ငံဘက်​မှ ​မြေတူးစက်များဖြင့်​ မတ်​၂၂ ရက်​က စတင်​လုပ်ဆောင်​ခဲ့ရာ မြန်​မာဘက်​မှ မတ် ၂၄ ရက်​တွင် တားမြစ်​​သော်​လည်း​ နောက်​ရက်​များတွင်​ ဆက်​လက်​လုပ်​​ဆောင်ေ​န​ကြောင်း ​မြစ်​ကမ်းစပ် အနီး​နေသူများက​ ဆိုသည်​။
“ဒီ​နေ့ ဧပြီ ၁ရက်​​ ည​နေပိုင်းထိ ပြုလုပ်​​နေတာပါ။ အဖွဲ့စုံလာတားတဲ့​နေ့က တစ်ရက်​ပဲ နားပါတယ်​။ နော​က်​​နေ့ ဆက်လုပ်​တာပါပဲ။ အကျိုးသက်​​ရောက်​မှုလား၊ တာဝန်​ရှိတဲ့သူ​တွေအ​နေနဲ့ သူတို့ဘက်​ကို မတားဘူး (သို့ မဟုတ်​) ကိုယ့်​ဘက်​မှာလည်း ကမ်းထိန်းနံရံ မလုပ်​နိုင်​ဘူးဆိုရင်​ လာမယ့်​မိုးရာသီမှာ အခု မြင်​​နေရတဲ့ ကုက္ကိုပင်​ကြီး​တွေ​တောင်​ ပြိုကျသွားနိုင်​ပါတယ်” ဟု ဆယ်​ဂိတ်​ (မြန်​မာဘက်​ကမ်း) တွင်​​ နေထိုင်​သူတစ်​ဦးက ဧပြီ ၁ ရက်​​တွင်​​ ပြောကြားသည်​။
ထိုင်းနိုင်​ငံတာ့ခရိုင်​မှ လုပ်​ပိုင်​ခွင့်​ရရှိ​သော ကုမ္ပဏီမှ ဘတ်ဂျက်​ကာလ မကုန်​မီ အလျင်​အမြန်​ တည်​​ဆောက်​​နေခြင်းဖြစ်​ပြီး နယ်​ခြား​ကော်​မတီ အစည်းအဝေးတွင်​ ၎င်းတို့၏ လုပ်​ငန်းစဉ်​အား မြန်​မာတာဝန်​ရှိသူများကို ချပြခဲ့ပြီး နှစ်​နိုင်​ငံသ​ဘောတူညီမှု ရရှိခြင်းမရှိခဲ့​ကြောင်း မြို့နယ်​ရဲတပ်​ဖွဲ့မှူးက ပြောကြားသည်​။
Credit To >>> Eleven Media Group

0 comments:

Post a Comment