Monday, April 4, 2016

ရုရှားချန်ပီယံနှင့် လက်ဝှေ့စိန်ခေါ်ပွဲတွင် ပထမအချီ စက္ကန့်ပိုင်းအတွင်း ထွန်းထွန်းမင်းအနိုင်ယူ

 မြန်မာ-ရုရှား ချန်ပီယံ များ၏ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ တွင် မြန်မာပြည်လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းက ရုရှားလက်ဝှေ့ ချန်ပီယံ လုဒ်ဝခ်ဒိုခိုယန်ကို ပထမ အချီ စက္ကန့်ပိုင်းအတွင်း အလဲထိုး ဖြင့် အနိုင်ရရှိခဲ့သည်။

ဧပြီ ၂ ရက်က ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပခဲ့ သည့် အဆိုပါပြိုင်ပွဲတွင် မြန်မာ ပြည်ချန်ပီယံ ထွန်းထွန်းမင်း၏ ဒူးတိုက်ချက်ကြောင့် ရုရှားလက် ဝှေ့သမားသည် ပထမအချီ စက္ကန့်၄၀ မှာပင် အမှတ်စဉ်ရေတွက်ခံခဲ့ ရပြီး ဆက်လက်ယှဉ်ပြိုင်ရာ၌ နံကြားကို ဒူးဖြင့်တိုက်မိခဲ့ပြီး နံရိုး ကျိုးသွားခဲ့၍ ဆက်လက်မယှဉ် ပြိုင်နိုင်တော့ဘဲ အရှုံးပေးခဲ့ရ သည်။ ယင်းဒဏ်ရာကြောင့် ရုရှား လက်ဝှေ့သမားကို ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ရသည်။
အခြားပွဲစဉ်တစ်ပွဲဖြစ်သည့် ၂၀၁၃ ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် တူးတူးနှင့် ရုရှားနိုင်ငံလုံးဆိုင်ရာ မြန်မာပြည်လက်ဝှေ့ချန်ပီယံ ဆပ် ရှာကော့ဗ်အာတမ်တို့ပွဲတွင် တူး တူးက အသာစီးရရှိကာ ထိုးသတ် နိုင်ခဲ့ပြီး တတိယအချီ၌ ဆပ်ရှာ ကော့ဗ်အာတမ် အနားတောင်းခဲ့ ရသည်။
ဆက်လက်ယှဉ်ပြိုင်ရာတွင် တူးတူး၏ လက်သီးထိုးချက်များ ကို တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ အရှုံးပေးခဲ့၍ တတိယအချီ၌ တူး တူးက အလဲထိုးဖြင့် အနိုင်ရရှိခဲ့ သည်။
အခြားပြည်တွင်း ငါးချီစိန် ခေါ်ပွဲများတွင် ထွန်းလွင်မိုးက ထယ်ကြီးကို အသာစီးဖြင့် ထိုး သတ်နိုင်ခဲ့ပြီး ဒုတိယအချီတွင် လက်ရည်မမျှမှုကြောင့် ဒိုင်ပွဲရပ် ဖြင့် ထွန်းလွင်မိုး အနိုင်ရရှိခဲ့ သည်။
သားအသည်းတစ်ပွင့်က ရွှေဖြူမင်းကို စတုတ္ထအချီတွင် အလဲ ထိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒေါင်း သည်းခြေနှင့် ရွှေမင်းရာဇာတို့ပွဲ စဉ်သည် အကြိတ်အနယ်ရှိခဲ့ပြီး ရွှေမင်းရာဇာက ဒုတိယအချီ၌ဆက်လက် ယှဉ်ပြိုင်နိုင်ခြင်းမရှိ တော့ဘဲ အရှုံးပေးခဲ့သည်။
 လေးချီစိန်ခေါ်ပွဲများတွင် ကျန်ကျောင်းနှင့် ရွှေခြူးအောင်တို့က ပူးတွဲသရေဖြင့် ပြီးဆုံးခဲ့ပြီး ဆင်ရိုင်းလေးနှင့် ဇော်ချစ်အောင် တို့ပွဲ၌ ဇော်ချစ်အောင်က ပထမအချီမှာပင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment