Thursday, March 24, 2016

အာဂျင်တီးနားနိုင်ငံသို့ အလည်အပတ်ခရီးရောက်ရှိနေသည့် အမေရိကန်သမ္မတ ဘားရက်အိုဘားမား Tango အက ကပြ


အမေရိကန်သမ္မတဘားရက်အိုဘားမားသည် နာမည်ကျော် အာဂျင်တီးနား အကသမားတစ်ဦးနှင့် တွဲဖက်ကာ လက်တင်အကတစ်မျိုးဖြစ်သည့် Tango အကကို ဗုဒ္ဓဟူးနေ့တွင် ကပြခဲ့သည်။
ဘရူနိုအေးရီးစ်ရှိ လက်တင်အမေရိကား၏ အကြီးဆုံးယာဉ်ကျေးမှုစင်တာတွင် အင်ဂျင်တီးနားသမ္မတ မော်ရီစီအိုမက်ရီက သမ္မတအိုဘားမားကို တည်ခင်းခဲ့သည့် နိုင်ငံတော်အဆင့်ညစာစားပွဲတွင် အကသမားများက အာဂျင်တီးနား အမျိုးသားအကများကို ကပြဖျော်ဖြေခဲ့သည်။ ရွှေရောင်အ၀တ်အစားနှင့် ရှုးဖိနပ်ဝတ်ဆင်ထားသည့် မိုရာ ဂိုဒရိုင်း အမည်ရှိ Tango အကမယ်တစ်ဦး၏ဖိတ်ခေါ်မှုကြောင့် ကပွဲကြမ်းပြင်ထက်သို့ သမ္မတ အိုဘားမား ရောက်ရှိခဲ့သည်။ သမ္မတကတော် မီရှယ်အိုဘားမားသည်လည်း Tango အမျိုးသားအကသမား တစ်ဦး နှင့်အတူ ကပြခဲ့သေးသည်။ အိုဘားမားက အာဂျင်တီးနားနိုင်ငံသို့ လာရောက်မလည်ပတ်မီ တစ်ရက်အလိုတွင် အာဂျင်တီးနား-အမေရိကန်ဆက်ဆံရေး ၏ အစခြေလှမ်းဟု သတ်မှတ်ကြောင်း ပြောကြားသည်။ 
Credit To >>> Democracy Today

0 comments:

Post a Comment