Friday, March 25, 2016

နှစ်​နိုင်​ငံ နယ်​စပ်​စည်းခြား​ သောင်​ရင်းမြစ်ေ​ကြာင်း ပြောင်းလဲနိုင်​သည့် မြေထိန်းနံရံ ထိုင်းဘက်​ကမ်းမှ ပြုလုပ်​​နေမှု မြန်​မာဘက်​မှ ကန့်​ကွက်


မြန်​မာ-ထိုင်း နယ်​စပ်​စည်းခြား ​သောင်​ရင်းမြစ်တွင်​​ ထိုင်းနိုင်​ငံဘက်​မှ မြစ်​​ရေစပ်​ထိချ၍ ကမ်းထိန်းနံရံ တည်​​ဆောက်​​နေမှုအား မြန်​မာနိုင်​ငံ မြ၀တီဘက်​မှ တပ်​၊ ရဲ၊ BGF၊ ​အုပ်​ချုပ်​​ရေးမှ တာဝန်​ရှိသူများ ပါဝင်​သော အဖွဲ့စုံသည် မတ်​၂၄ ရက်​​ ည​နေက ကန့်ကွက် တားမြစ်ခဲ့​ကြောင်း သိရသည်​။

မြ၀တီမြို့ အမှတ်​(၅)ရပ်​ကွက်​ (၁၀) ဂိတ်​ တစ်ဖက်​ကမ်း ​သောင်​ရင်းမြစ်​​ချောင်းအတွင်း ​ရေစပ်​တွင်​ ထိုင်းနိုင်​ငံဘက်​မှ ​မြေတူးစက်​ဖြင့်​ လမ်းချဲ့ကာ ​ကျောက်​ကြီးများချပြီး ကမ်းနံရံ တည်​​ဆောက်​​နေခြင်း ဖြစ်​​သည်​။

"မ​နေ့ကစလုပ်​​နေတာပါ။ မြေတူးစက်​နဲ့ချဲ့ပြီး ​ကျောက်​ကားသုံးစီးနဲ့ လာချပါတယ်။ ကားသွားလောက်​တဲ့ အကျယ်​ပြုလုပ်​​နေတာပါ။ လုပ်​မယ်​ဆိုလည်း ​နှစ်​နိုင်​ငံ​သဘောတူညီချက်​ရမှ လုပ်​သင့်​ပါတယ်​"ဟု မြ၀တီဘက်​ကမ်း ၁၀ ဂိတ်​တွင်​​ နေထိုင်​သည့်​ မျက်​မြင်​တွေ့ရှိသူ တစ်ဦးက ​ပြောကြားသည်​။

ပြီးခဲ့သည့်​ နှစ်​နိုင်​ငံနယ်ြ​ခား​ကော်​မတီ BLO အစည်းအ​​ဝေးတွင်​ ထိုင်းနိုင်​ငံဘက်​မှ တင်​ပြ​သော ကမ်းထိန်းနံရံ တည်​​ဆောက်​မည့်​ အစီအစဉ်​အား ကန့်​ကွက်​ခဲ့ပြီး နှစ်​ဖက်​ညှိနှိုင်း​ရန်​ တင်​ပြ​သော်​လည်း မတ်​ ၂၃ ရက်​​မှ စတင်​လုပ်​​ဆောင်​လာသည့်​အတွက်​ တားမြစ်​ရခြင်းဖြစ်​သည်​ဟု မြ၀တီမြို့နယ်​ ရဲတပ်​ဖွဲ့မှူးက​ ပြောကြားသည်​။

“ထိုင်းဘက်​က ဖိတ်​​ခေါ်ပြသခဲ့တာကို ကန့်​ကွက်​ခဲ့​ပေမယ့်​ ဘက်​ဂျက်​မကုန်​မီ လုပ်​​ဆောင်​လာတဲ့အတွက်​ အခုလို လာတားရတာပါ။ မြန်​မာနိုင်​ငံ တာဝန်​ရှိသူအဆင့်​ဆင့်ကို တင်​ပြသွားမှာဖြစ်​သလို ထိုင်းဘက်ကိုလည်း တရားဝင်​ ကန့်​ကွက်​သွားမှာပါ”ဟု မြ၀တီမြို့နယ်​ရဲတပ်​ဖွဲ့မှူးက ​ပြောကြားသည်။

၂၀၁၀ ပြည့်နှစ်​က ထိုင်းနိုင်​ငံဘက်​မှ ကမ်းထိန်းနံရံ တည်​​ဆောက်​မှု​ကြောင့်​ ​ရေစီး​ပြောင်းလဲကာ မြန်​မာနိုင်​ငံ  မြ၀တီမြို့ သံတံတားအနီးတစ်ဝိုက်​မှ ကမ်းစပ်​နှုတ်​ခမ်းသားများ​ ပဲ့​ကြွေကာ ​မြန်​မာ့​မြေပိုင်​နက်​များ ဆုံးရှုံးခဲ့သည်​။

ထို့အတူ ထိုင်းဘက်​မှ ဖွင့်​လှစ်​​သော နယ်​စပ်​ဖြတ်​​ကျော်​ ကုန်​ပစ္စည်းသယ်​ယူ တင်​သွင်းသည့်​ဂိတ်​များတွင်​ ​မြေဖို့ခြင်း၊ ​မြေချဲ့ခြင်းများ လုပ်​​ဆောင်​ခဲ့ခြင်း​ကြောင့်​ ​ရေ​ကြောင်း​ ပြောင်းလဲလျက်​ရှိသည်​။

ယင်းသို့ မြန်​မာ့​မြေပိုင်​နက်​များ ဆုံးရှုံးခြင်း​ကြောင့်​ နှစ်​နိုင်​ငံ ညှိနှိုင်းမှုဖြင့်​ နယ်​စပ်​စည်း​နှင့်​ ထိစပ်​​နေ​သော ကမ်းစပ်​တ​စ်လျှောက်​​တွင်​ ကုမ္ပ​ဏီလေးခုက ကမ်းထိန်းနံရံ တည်​​ဆောက်​ခဲ့​သော်​လည်း များစွာကျန်​​နေ​သေး​ကြောင်း သိရသည်​။

0 comments:

Post a Comment