Thursday, March 24, 2016

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တရုတ်ဝန်ကြီးချုပ် မစ္စတာ လီခချန် မြန်မာ-တရုတ်နှစ်နိုင်ငံဆွေးနွေးပွဲ တက်ရောက်

မြန်မာ - တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို မတ် ၂၃ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် စန်းယမြို့ရှိ Sheraton ဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီခချန်နှင့် ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံကုန်သွယ် ရေးတိုးတက်လာမှု၊ မြန်မာ - တရုတ် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးကို တရားဝင်ကုန်သွယ်မှုအဖြစ် ပိုမိုအားပေးမြှင့်တင်လိုမှုနှင့် ကွမ်းလုံတံတားသစ်တည်ဆောက်ရေး ဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment