Thursday, March 31, 2016

သမ္မတဦးထင်ကျော် ရာထူးတာဝန် လွှဲပြောင်းရယူခြင်းအတွက် အမေရိကန်သမ္မတ အိုဘားမား ချီးကျူးဂုဏ်ပြု


မြန်မာနိုင်ငံတော်သမ္မတအဖြစ် မတ် ၃၀ ရက်က ရာထူးတာဝန် လွှဲပြောင်းရယူလက်ခံသော ဦးထင်ကျော်အတွက် အမေရိကန်ပြည်ထောင်စုသမ္မတ အိုဘားမားက ချီးကျူးဂုဏ်ပြုသည့် ကြေညာချက်ကို အိမ်ဖြူတော်က မတ် ၃၀ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။
အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် သမ္မတအိုးဘားမားက မြန်မာနိုင်ငံတော်သမ္မတအဖြစ် ယနေ့ ရာထူးတာဝန် လွှဲပြောင်းရယူလက်ခံသော ဦးထင်ကျော်အတွက် မိမိ ချီးကျူးဂုဏ်ပြုပြီး သမ္မတဦးထင်ကျော်နှင့်အတူ သူ၏ အစိုးရအဖွဲ့သစ်နှင့် လက်တွဲဆောင်ရွက်ရန် မျှော်လင့်လျက်ရှိပါကြောင်း၊ ဦးထင်ကျော်၏ သမ္မတရာထူးတာဝန် လွှဲပြောင်းရယူလက်ခံခြင်းသည် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ခြင်းခံရသော အရပ်သား ဦးဆောင်သည့် အစိုးရထံသို့ အသွင်ကူးပြောင်းသည့် မြန်မာနိုင်ငံ၏ သမိုင်းဝင် မှတ်တိုင်တစ်ရပ်ကို ကိုယ်စားပြုခြင်းဖြစ်ပါကြောင်းနှင့် မြန်မာ့သမိုင်းတွင် အံ့ဩဘနန်းဖြစ်ရသော ဤအခိုက်အတန့်သည် မြန်မာပြည်သူများ၊ အင်စတီကျူးရှင်းများနှင့် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးအတွက် အတူတကွ လုပ်ကိုင်ဆောင်ရွက်ခဲ့သော ခေါင်းဆောင်များ၏ ကြိုးပမ်းမှု သက်သေပင်ဖြစ်ပြီး ၂၀၁၁ ခုနှစ် ကတည်းက စတင်ခဲ့သော ပြုပြင်ပြောင်းလဲရေးများ၏ သိသာထင်ရှားမှုကို ဖော်ညွှန်းလျက် ရှိပါကြောင်း ပြောကြားသည်ဟု ပါရှိသည်။

ထို့ပြင် မြန်မာနိုင်ငံရှေ့ခရီးဆက်ရာတွင် ပိုမိုကျယ်ပြန့်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်း၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို တိုးတက်ဖော်ဆောင်ခြင်း၊ ၎င်းနိုင်ငံသားများအတွက် အခွင့်အရေးနှင့် လွတ်လပ်မှုအတွက် တိုးမြှင့်ဆောင်ရွက်ခြင်း အပါအဝင် သိသာထင်ရှားသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံသည် ပိုမို၍ အားလုံးပါဝင်ပြီး ငြိမ်းချမ်းသော၊ စည်ပင်ဝပြောသော အနာဂတ်ကို တိုးတက်ဖော်ဆောင်သွားမည်ဖြစ်ရာ အမေရိကန်ပြည်ထောင်စုသည် မြန်မာအစိုးရသစ်နှင့် မြန်မာနိုင်ငံသားများအတွက် မိတ်ဆွေမွန်၊ မိတ်ဖက်ကောင်းအဖြစ် ရပ်တည်သွားရန် မျှော်လင့်လျက်ရှိပါကြောင်းလည်း အဆိုပါ သမ္မတအိုဘားမား၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment