Thursday, March 31, 2016

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာစေမည့်ဥပဒေကြမ်း ယနေ့ လွှတ်တော်တင်မည်

အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ကော့မှူး မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်အောင် ဆန်းစုကြည် အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အ ဖြစ် တာဝန်ပေးအပ်နိုင် မည့် နိုင် ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်ကို မတ် ၃၁ရက် အမျိုးသားလွှတ်တော်တွင် တင်သွင်း မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဥပဒေကြမ်းတွင် အခန်း ငါးခန်းပါဝင်ပြီး " ပြည်ထောင်စုသမ္မ တ မြန်မာနိုင်ငံတော်သည် ပါတီစုံဒီ မိုကရေစီစနစ် ထွန်းကားရေးနှင့် ဈေး ကွက်စီးပွားရေးစနစ်တို့ကို ကျင့်သုံး လျက် ငြိမ်းချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည် ဆောက်ရန်လည်းကောင်း၊ ပြည်သူ များ လိုလားတောင့်တနေကြသော စစ်မှန်သည့် ဒီမိုကရေစီဖက် ဒရယ် ပြည်ထောင် စုနိုင်ငံတော် ကို ခိုင်မာ စွာတည်ဆောက်နိုင် ရန်လည်းကောင်း ပြည်ထောင်စုလွှတ်တော်က ဤဥပ ဒေ ကို ပြဋ္ဌာန်း လိုက်သည်" ဟု ဥပဒေ ကြမ်း၏ နိဒါန်းတွင် ဖော်ပြထားသည်။
" မတ် ၃၁ မှာကျင်းပမယ့် အ မျိုးသားလွှတ်တော်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ကြမ်းကို စတင်တင်သွင်းကြ မယ်လို့ သတင်းရပါတယ်။ ဥပဒေပြုရေးလုပ် ငန်းစဉ်အရ အမျိုးသားလွှတ်တော်မှာ စတင် တင်သွင်းဆွေးနွေးရမှာပါ။ ပြီးရင် တော့ ပြည်သူ့ လွှတ်တော် ကို ပေးပို့ ဆွေးနွေးရပါမယ်။ ပြည်သူ့လွှတ် တော်ဘက်ကလည်း ဒါကို ပြင် ဆင် လိုတာတွေ၊ ဖြည့်စွက်လိုတာတွေပြု လုပ်ပြီး အမျိုးသားလွှတ်တော် ကို ပြန်ပို့ကြရပါမယ်။ အမျိုးသားလွှတ် တော်မှာ နောက်တစ် ကြိမ် ပြန်လည် တင်သွင်းပြီးတော့မှ နောက်ဆုံးလွှတ် တော်နှစ်ရပ်က သဘောတူ သည်ဖြစ် စေ၊ သဘောမတူသည်ဖြစ်စေ၊ ကွဲလွဲ တာတွေ ရှိနေသည်ဖြစ်စေ နောက် ဆုံးမှာတော့ ပြည်ထောင်စုလွှတ်တော် ကို ပေးပို့ကြရမှာဖြစ်ပါတယ်။ ပြည် ထောင်စု လွှတ်တော်ကနေ နောက် ဆုံးအတည်ပြုပြီးပြီဆိုရင်တော့ သမ္မ တထံမှာ လက်မှတ်ရေးထိုးပြီး ထုတ် ပြန်ဖို့ပေးပို့ရမှာဖြစ်ပါတယ်။ ဒါကို သမ္မတကသဘောတူရင် လက်မှတ် ထိုးပြီး ပြည်ထောင်စုလွှတ်တော်က ပြည်သူလူထုသိအောင် ထုတ်ပြန်ကြေ ညာ၊ ပြီးရင် နိုင်ငံတော်ပြန်တမ်းထဲ ထည့်ဖော်ပြပြီဆိုရင် ဒီဥပဒေက အ တည်ဖြစ်သွားပါပြီ" ဟု ဖွဲ့စည်းပုံဥပ ဒေဆိုင်ရာ ဥပဒေပညာရှင်တစ်ဦးက ပြောသည်။
ယင်းဥပဒေတွင် အခန်း(၁) အ မည်နှင့်အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း (၂)ရည်ရွယ်ချက်များ၊ အခန်း(၃) တာဝန်ပေးအပ်ခြင်း၊ အခန်း(၄) တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များ၊ အခန်း(၅) အထွေထွေဟူ၍ အခန်း (၅)ခန်းပါဝင်သည်။ ဥပဒေပါ ပြဋ္ဌာန်း ချက်များ အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်အား အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် ပြည်ထောင်စု လွှတ်တော် က တာဝန် ပေးအပ်နိုင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပ ဒေနှင့်မဆန့် ကျင်စေဘဲ နိုင်ငံတော် နှင့် နိုင်ငံသားများ အကျိုးစီးပွားအ တွက် အကြံပြုချက်များကိုပေးနိုင် ပြီး အကြံပြုချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်သို့ တာဝန် ခံရမည်ဖြစ်သည်။
အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူး သက်တမ်းသည် နိုင်ငံတော်သမ္မတ ၏ ရာထူးသက်တမ်း အတိုင်းဖြစ်ပြီး ဥပဒေပါရည်ရွယ်ချက် များ အောင် မြင်စေရေး အတွက် အစိုးရအဖွဲ့၊ ဌာန ဆိုင်ရာများ၊ အဖွဲ့အစည်းများ ၊ အ သင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များအား ဆက်သွယ်ဆောင် ရွက်နိုင်မည့်အခွင့် အာဏာရရှိစေမည်ဖြစ်ကြောင်း သိ ရသည်။
Credit To >>> Democracy Today

0 comments:

Post a Comment