Friday, March 25, 2016

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် အခြေခံစစ်ပညာသင်တန်း စက်ပစ်ကွင်းပစ်ခတ်စဉ် လက်တွေ့လေ့ကျင့်


စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသော အခြေခံစစ်ပညာ သင်တန်းအမှတ်စဉ်(၄၄/၂ဝ၁၆)၌ တက်ရောက်လျက်ရှိသည့် မူလတန်းဆရာအတတ်သင်(၃)နှစ်သင်တန်း အမှတ် စဉ်(၄၅) တတိယနှစ်မှ သင်တန်းသား သင်တန်းသူ ၁ဝ၅ ဦးနှင့် ပညာရေးဘွဲ့(၅)နှစ် သင်တန်းအမှတ်စဉ်(၁) စတုတ္ထ နှစ်မှ သင်တန်းသား သင်တန်းသူ ၂၂၃ ဦး စုစုပေါင်း ၃၂၈ ဦးသည် ဒုတိယပါမောက္ခချုပ်(စီမံ)ဦးသိန်းဌေး ဦးစီးပြီး ယမန်နေ့က ရွှေဘိုမြို့ အမှတ်(၈)စစ်အခြေခံ လေ့ကျင့်ရေးတပ်ရင်း စက်စစ်ကွင်း၌ လက်နက်ငယ် လက်တွေ့ပစ်ခတ်မှုကို လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ သင်တန်းသား သင်တန်းသူများသည် အမှတ်(၈) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်စိတ်အလိုက် တိုက်စစ်သရုပ်ပြမှုကို လေ့လာကြည့်ရှုကြသည်။

ထို့နောက် သင်တန်းသား သင်တန်းသူ ၃၂၈ ဦးသည် ဘီအေ(၆၃)မောင်းပြန်ရိုင်ဖယ် (ကိုက် ၁ဝဝ)ကျည်စု အမှတ်လိုက်နှင့် အမြန်ပစ်တို့ကို တစ်ဦးချင်းလက်တွေ့ ပစ်ခတ်ကြရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက သင်တန်းသားများ၏ လက်နက်ငယ်ပစ်ခတ်မှု ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် သင်တန်းသူများသည် အမ်အေ(၁)(ကိုက် ၁ဝဝ)ကျည်စု အမှတ်လိုက်နှင့် အမြန် ပစ်တို့ကို တစ်ဦးချင်း လက်တွေ့ပစ်ခတ်ကြရာ ညနေ ၅ နာရီတွင် ပစ်ခတ်လေ့ကျင့်မှုကို ရပ်နားပြီး မတ်၂၄ ရက် တွင် ဆက်လက်လေ့ကျင့်သွားမည်ဖြစ်သည်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်တွင် အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၄၄/၂ဝ၁၆)ကို မတ် ၁ ရက်မှ ၃၁ ရက်အထိ ဖွင့်လှစ် လျက်ရှိရာ ယနေ့ပြုလုပ်သည့် စက်ပစ်ကွင်းပစ်ခတ်စဉ်သို့ ဒုတိယပါမောက္ခချုပ်(စီမံ)ဦးဆောင်လျက် အမှတ်(၂) တက္ကသိုလ်လေ့ကျင့်ရေးတပ်ရင်းမှ တပ်မှူးနှင့် သင်တန်း နည်းပြဆရာ ၁၉ ဦး၊ တက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ရွှေဘိုမြို့ အမှတ်(၈) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ တာဝန်ခံအရာရှိကြီးများ၊ စက်ပစ်ကွင်းနည်းပြများ လိုက်ပါ ကြီးကြပ်ခဲ့ကြောင်း သိရသည်။ 
Credit  To >>> မြ၀တီ 

0 comments:

Post a Comment