Friday, March 25, 2016

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာကိုးရွာတွင် လူထုအခြေပြု ခရီးသွားစီမံကိန်း ထပ်မံဖော်ဆောင်မည်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျေးရွာကိုးခုတွင် ဒုတိယမြောက် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း
ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

‘‘ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရင် ဒေသခံတွေရဲ့ လူမှုစီးပွားဘ၀နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်လာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ကျေးရွာသူ၊ ကျေးရွာသားများအနေနဲ့ စည်းစည်း
လုံးလုံးနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်’’ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ကျေးရွာဒေသခံ များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများ စတင်အကောင်အထည်ဖော်ရာတွင် ကနဦးအဆင့်အနေဖြင့် ညောင်ရွှေမြို့ နယ်နှင့် ကျောက်တလုံးကြီးမြို့ နယ်ခွဲတို့ရှိ လွယ်ခေါ်၊ အင်းနီ၊ ထိနဲ့နှင့် ကတ္တူကျေးရွာတို့တွင် စတင် အကောင်အထည်ဖော်မည် ဖြစ်ပြီး လက်ရှိ၌ ကျေးလက်ရိုးရာအိမ်များဖြင့် အကောင်အထည်ဖော်နေကြောင်း သိရသည်။
အထက်ပါ ကျေးရွာများတွင် အကောင်အထည်ဖော်ပြီးပါက ကျန်ကျေးရွာများဖြစ်သည့် နားဗောင်၊ ထီဝါးမူ၊ တူးတန်၊ နောင်ခဲနှင့် ဆောင်းဖိုကျေးရွာများတွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများ ဆက်လက် အကောင်
အထည်ဖော်မည် ဖြစ်သည်။
‘‘ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်းဟာ ခရီးသွားဧည့်သည်တွေကို ပြည်သူလူထုနဲ့ တိုက်ရိုက် ထိတွေ့နိုင်စေတဲ့အတွက် ဒေသအခြေအနေတွေကို အနီးကပ် သိရှိခွင့်ရနိုင်ပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို တိုက်ရိုက်
ဆောင်ရွက်နိုင်တဲ့အတွက် လက်ရှိ အကောင်အထည်ဖော်နေမှု အပေါ် ရပ်တန့်မနေဘဲ အချိန်နဲ့ တစ်ပြေးညီဆောင်ရွက်ရမှာ ဖြစ်ပါတယ်’’ဟု ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောသည်။
မြန်မာနိုင်ငံ၌ ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်းကို နိုင်ငံခြာသား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု အများဆုံး ဒေသတစ်ခုဖြစ်သည့် ပုဂံဒေသအနီးရှိ မြိုင်မြို့တွင် ပထမဆုံး စီမံကိန်းအဖြစ် ပြီးခဲ့သည့် နိုဝင်ဘာက စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ဇန်န၀ါရီလကုန်အထိ ခရီးသွား ဧည့်သည်ဦးရေ နှစ်ရာကျော်လာ ရောက်လည်ပတ်ခဲ့ကြောင်း ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
Credit To >>> မြ၀တီ

0 comments:

Post a Comment