Friday, March 25, 2016

(၇၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပါဝင်စစ်ရေးပြကြမည့် စစ်ရေးပြစစ်ကြောင်းကြီးများ ဝတ်စုံပြည့်စစ်ရေးပြလေ့ကျင့်


၂ဝ၁၆ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်သော (၇၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက် စစ်ရေးပြကြမည့် စစ်ရေးပြစစ်ကြောင်းကြီး များသည် ယနေ့နံနက်ပိုင်း၌ ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့် မှုများ ဆောင်ရွက်ကြသည်။


ယင်းစစ်ရေးပြအခမ်းအနားတွင် အနော်ရထာ စစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင် စစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်း၊ ဆင်ဖြူရှင် စစ်ကြောင်းနှင့် အောင်ဆန်းစစ်ကြောင်းများ ပါဝင်ပြီး စုရပ်ဖြစ်သည့် နေပြည်တော် သစ်တပ်ကွင်းမှ နေပြည်တော် စစ်ရေးပြကွင်းသို့ တပ်မတော်စစ်တီးဝိုင်းအဖွဲ့များ၏ တီးခတ်မှုနှင့်အတူ စစ်ချီသီချင်းများသီဆို၍ ညီညာစွာ ချီတက်ကြပြီး စစ်ရေးပြအခမ်းအနားအစီအစဉ်များအတိုင်း လေ့ကျင့်ဆောင်ရွက်ကြသည်။

ထိုသို့ လေ့ကျင့်နေမှုကို ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တပ်မတော်နေ့ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ်မောင်မောင်အေး၊ တပ်မတော်နေ့ ကျင်းပရေး စီမံခန့်ခွဲ ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မိုးမြင့်ထွန်းနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးကြပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။

အဆိုပါ စစ်ရေးပြအခမ်းအနားတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များနှင့် တပ်မတော်(ရေ) အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Navy SEALs) နှင့် ယာဉ်ယန္တရားများ ပါဝင်ကြောင်း သတင်းရရှိသည်။ 
Credit To >>> The Mirror Daily

0 comments:

Post a Comment