Thursday, January 28, 2016

(MPT) ၏ 3G ကွန်ရက် ချဲ့ထွင်လိုက်ခြင်းကြောင့် တနိုင်ငံလုံး၏ ၉၂ % ကွန်ရက်ချိတ်ဆက်နိုင်ပြီဟုဆို


မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအော်ပရေတာတခုဖြစ်သော (MPT) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝါတိုင်များအား 2G ကွန်ရက်မှ 3G ကွန်ရက် ချဲ့ထွင်လိုက်သဖြင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၏ နယ်မြေဧရိယာ (၉၂%) တွင် 3G ကွန်ရက်ရရှိသုံးစွဲနိုင်ပြီး မတ်လတွင် (၉၅%) ထိ သုံးစွဲနိုင်မည်ဖြစ်ကြောင်း (MPT) မှ သိရသည်။

(MPT) ဆက်သွယ်ရေးမှ မိုဘိုင်းတာဝါတိုင်များတွင် (2.1) GHz လှိုင်းအပြင် (900) MHz လှိုင်းကိုပါ 3G စနစ် ထည့်သွင်းတပ်ဆင်လိုက်ခြင်းဖြင့် (MPT) ၏ 3G ကွန်ရက် ပိုမိုကျယ်ပြန့်လာကြောင်း၊ ယခင် 3G ၀န်ဆောင်မှုမှာ မြန်မာပြည်လူဦးရေ (၆၀%) သာ သုံးစွဲနိုင်ခဲ့ပြီး ယခုဖေဖော်ဝါရီလမှစ၍ (၉၂%) ထိ သုံးစွဲလာနိုင်ကြောင်း၊ အင်တာနက် သုံးစွဲရာတွင် (21) Mbps အထိ အရည်အသွေးဖြင့် သုံးစွဲနိုင်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် MPT ဆက်သွယ်ရေးလိုင်း သုံးစွဲမှု ၁၈ သန်းကျော်ရှိကြောင်း သိရသည်။

Credit To >>> News Watch

0 comments:

Post a Comment