Thursday, January 28, 2016

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျူးကျော်အိမ်များကို ဖယ်ရှားပြီး နောက်သုံးရက် အကြာတွင် မင်္ဂလာဒုံမြို့နယ် ကျူးကျော် အိမ်များအား ထပ်မံဖယ်ရှား


ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျူး ကျော်အိမ်များအား ဖယ်ရှားပြီးနောက် သုံးရက်အကြာတွင် မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် စက်မှုဇုန်အတွင်းမှ ကျူး ကျော်များအား ထပ်မံဖယ်ရှားခဲ့သည် ဟုသိရသည်။
ပျဉ်းမပင် စက်မှုဇုန်အတွင်းရှိ ကျူးကျော်အိမ်ရာများအား လုံခြုံရေး နှင့် အရပ်သားအင်အားတစ်ထောင် ခန့်က ဘူဒိုဇာများအသုံးပြုကာ ဇန်န ဝါရီ ၂၆ ရက် နံနက် ၆နာရီခန့်တွင် စတင်ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက် မှုဇုန်အတွင်းမှ ကျူးကျော်နေအိမ်များ အား စက်မှုဇုန်ဧရိယာနှင့်မလွတ်ဟု ဆိုကာ ဇန်နဝါရီ ၂၅ရက်နောက်ဆုံး ထားပြီး ဖယ်ရှားရမည်ဟု သက်ဆိုင် ရာက ညွှန်ကြားထားသော်လည်း အ များစုမှာ သတိပေးစာမရသောကြောင့် သိရှိခြင်းမရှိဟု ပျဉ်းမပင်စက်မှုဇုန်အ တွင်းနေထိုင်သူများက ပြောသည်။
''Notice စာက ကျွန်တော်တို့ကို မပေးပါဘူး။ ပေးချင်တဲ့လူကိုပေးပြီး လုပ်ချင်သလိုလုပ်သွားတာပါ။ သူတို့ ရဲ့Notice စာမှာတော့ ဧက၅၆ဝလို့ပါ တယ်။ ဧက၅၆ဝ ဆိုရင်တော့ ပျဉ်းမ ပင်ကျေးရွာကြီးပါပါတယ်။ ကျွန်တော် တို့အခု အဖျက်ခံရတဲ့ရပ်ကွက်သုံးခု လဲပါတယ်။ နောက် သူတို့ နိုင်ငံခြား ကုမ္ပဏီငှားထားတယ်ဆိုပြီး သတင်း ထွက်နေတဲ့ စီပီလိုက်တို့၊ လန်ဒန်တို့၊ တိုက်ဂါးတို့ အဲဒါတွေပါ ပါတယ်ပေါ့ ဗျာ။ ဒါပေမဲ့ သူတို့က ၅၆ဝ လို့သာရေး ထားပေမယ့် အခုစဖျက်တဲ့ရပ်ကွက် သုံးခုက ခန့်မှန်းခြေဧက ၁၅ဝပတ် ဝန်းကျင်လောက်ပဲ ရှိလိမ့်မယ်။ လုပ် ထုံးလုပ်နည်းက လွဲနေတယ်။ ၅၆ဝ လို့ ရေးပြီး ၅၆ဝ စလုံးဖျက်တာလဲမဟုတ် ဘူး။ နောက်ပြီးတော့ ကျွန်တော်တို့အိမ် တွေကို နို့တစ်စာလဲ စုံစုံလင်လင် မဝေ ငှဘူး''ဟု အဆိုပါရပ်ကွက်တွင် နေထိုင် ပြီး စိုက်ပျိုးရေးလုပ်ကိုင်နေသည့် ဦး စောအောင်ခင်က ပြောသည်။
အဆိုပါမြေကွက်များသည် ဦး ကျော်တင်ဆိုသည့် သူဌေးတစ်ဦးပိုင် ဆိုင်ပြီး ရော်ဘာပင်များ စိုက်ပျိုးထား ကာ ဗိုလ်ချုပ်ကြီးနေဝင်း အုပ်ချုပ်စဉ် အချိန်က ပြည်သူပိုင်အဖြစ်သိမ်းဆည်း ၍ ပျဉ်းမပင် နို့စားနွားမွေးမြူရေးစခန်း ပိုင် စိုက်ခင်းအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါနေရာတွင် နှစ် ၃ဝ နီးပါးနေထိုင်ခဲ့သည့် ဦးစောအောင် ခင်က ရှင်းပြသည်။
စားကျက်မြေအဖြစ် တရားဝင် သတ်မှတ်ပြီးနောက် နို့စားနွားများအ တွက် မြက်များစိုက်ပျိုးခဲ့သည်။ ၈၈ အရေးအခင်းမဖြစ်ခင်တွင် မွေးမြူရေး စခန်းဖျက်သိမ်းခဲ့ပြီး မြက်ပင်များစိုက် ပျိုးခြင်းမပြုသည့် မြေဖြစ်သည်ဟုသိ ရသည်။ ၈၈ အရေးအခင်းကာလ နောက်ပိုင်းတွင် ခြံစိုက်ပျိုးသူများက အဆိုပါ လယ်မြေများတွင်ဝင်ရောက် စိုက်ပျိုးပြီး သက်ဆိုင်ရာတာဝန်ရှိသူ များထံ စိုက်ပျိုးရေးအခွန်များဆောင် ခဲ့သောကြောင့် စိုက်ပျိုးသူများက တ ရားဝင်ပိုင်ဆိုင်သည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ထို့နောက် လူဦးရေများလာခဲ့ပြီး ရွာတည်ကာ နေထိုင်သောကြောင့် တရားဝင်မြေပိုင်ဆိုင်သည်ဟု ထင်ကာ နေထိုင်ခြင်းဖြစ်သည်ဟု အိမ်ဖျက်ခံခဲ့ ရသည့်ပြည်သူတစ်ဦးက ပြောသည်။
ယခုဖယ်ရှားခံရသည့် ရပ်ကွက် များမှာ စံသမာဓိရပ်ကွက်၊ မြဲမြံအောင်၊ ပြည့်စုံအောင် ရပ်ကွက် (ခ)စိုက်ခင်း တို့ဖြစ်ကြောင်း သိရသည်။

Credit To >>> Yangon Media Group

0 comments:

Post a Comment