Friday, January 29, 2016

လစ်ဗျားရှိ IS အဖွဲ့အား တိုက်ခိုက်သွားရန် အိုဘားမားသန္နိဋ္ဌာန် ချမှတ်ထား


သမ္မတဘားရက်အိုဘားမားက အမေရိကန် နိုင်ငံအနေဖြင့် လိုအပ်ပါ က ဆီးရီးယားနှင့်အီရတ် နိုင်ငံလွန် ရောက် ရှိလာသော IS အုပ်စုများ အား နိုင်နိုင်နင်းနင်း ကိုင်တွယ်မည် ဟု လစ်ဗျားအရေးအခင်းအား နမူ နာပြလျက် ဇန်နဝါရီ ၂၈ ရက်က ပြောကြားလိုက်သည်။

မြောက်အာဖရိကနိုင်ငံများတွင် အာဏာလစ်ဟာမှုရှိနေသောအခြေ အနေ များ က IS များကြီးထွားလာ အောင် ဖန်တီးပေး သလိုဖြစ်နေသော အခြေအနေ များဖြစ်သည်ဟု အိုဘား မားကအမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

'' IS အကြမ်းဖက်အဖွဲ့များရဲ့ မည်သည့်နိုင်ငံနေရာ၌မဆို ပြုလုပ် လာမည့် အကြမ်းဖက်တိုက်ခိုက်မှု မည်သည့်လုပ်ဆောင်ချက်များကိုမ ဆို လိုအပ် သလို ဆန့်ကျင်တိုက်ခိုက်မှု များအတွက် အမေရိကန်နိုင်ငံမှကူ ညီမှုများ ပြု လုပ်ပေးမယ်လို့ သမ္မတ ကအထူးပြုပြောကြား ခဲ့တာပါ''ဟူ၍ အစည်း အဝေး အပြီးတွင် အိမ်ဖြူ တော်မှပြောဆိုလိုက်ခြင်းဖြစ်သည်။

''လစ်ဗျားနဲ့အခြားနိုင်ငံတွေမှာ IS အကြမ်းဖက်အဖွဲ့များရဲ့ လတ် တလော ထူထောင်ဆောင်ရွက်နေတဲ့ အကြမ်းဖက်လုပ်ငန်းရပ်များကို တိုက် ဖျက်ရာ မှာ အမျိုးသားတပ်ဖွဲ့များအ နေနဲ့ကူညီပေးဖို့ သမ္မတက ညွှန်ကြား လိုက်ခြင်း လည်း ဖြစ်ပါတယ်''ဟူ၍ အိမ်ဖြူတော်မှ ဆက်လက်ပြောကြား လိုက်သည်။

လစ်ဗျားနိုင်ငံသည် ၂၀၁၁ ခု နှစ် ပြည်တွင်းတော်လှန်မှုဖြင့် အာ ဏာရှင် မွမ် မာကဒါဖီ ပြုတ်ကျသွား ပြီးနောက်ပိုင်းမှစကာ နိုင်ငံရေး မတည် ငြိမ်မှုများနှင့် အကြမ်းဖက်တိုက်ခိုက် မှုများပေါ်ပေါက်လာကာ နိုင်ငံမတည် ငြိမ်မှုများ ဖြစ်ပေါ်လာခဲ့ရသည်။

လစ်ဗျားနိုင်ငံ သည် တွတ်ဘ ရက်မြို့အရှေ့ပိုင်း၌ အာဏာပိုင်အဖွဲ့ အစည်းများက ထောက်ခံထားသော အစိုးရအဖွဲ့နှင့် ထရီပိုလီမြို့တွင် ပြည် သူ့စစ်အဖွဲ့များထောက်ခံထားသော အစိုးရအဖွဲ့ဟူ၍ အစိုးရနှစ်ဖွဲ့ပါလီ မန်နှစ်ရပ် အတူတည်ရှိနေသော နိုင်ငံ ဖြစ်သည်။

လစ်ဗျားနိုင်ငံ၌ နိုင်ငံရေးဝရုန်း သုန်းကားဖြစ်နေမှုကြောင့် IS ဘာ သာရေးအစွန်းရောက်ထကြွမှုအဆုံး သတ်စေနိုင်ရေးအတွက် ကုလသမဂ္ဂ ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် လစ်ဗျား စစ်မက်တိုက်ခိုက်မှုတွင် ပါဝင်ပတ် သက်နေသောပုဂ္ဂိုလ်နှင့်အဖွဲ့အစည်း များအား ကမ္ဘာ့နိုင်ငံကြီးများက ညှိ နှိုင်းတိုက်တွန်းဆောင်ရွက်ပေးလျက် ရှိနေသည်။

Credit To >>> Democracy Today News

0 comments:

Post a Comment