Tuesday, January 5, 2016

ဝန်ကြီးနေရာ ရရှိရန် စာရေးတောင်းဆိုမှု ထပ်မံပြုလုပ်ပါက ပါတီစည်းကမ်းအတိုင်း ပြတ်ပြတ်သားသား အရေးယူမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ဝန်ကြီးနေရာပေးရန် စားရေးသား တောင်းဆိုမှုများ ထပ်မံပြုလုပ်ပါက ပါတီစည်းမျဉ်း စည်းကမ်းအရ ပြတ်ပြတ်သား သား အရေးယူမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။


‘‘ကျွန်မလေ မပြောဘဲ မနေ နိုင်လို့ ပြောကိုပြောရတော့မယ်။ ၀န်ကြီးလုပ်ချင်တဲ့သူတွေ တော် တော်မှ ကျွန်မ မကြိုက်ဘူး။ ၀န် ကြီးလုပ်တယ်ဆိုတာ မတတ်သာ လို့၊ တာဝန်ပေးလို့လုပ်ရတဲ့ ကိစ္စ ဖြစ်ပါတယ်။ နောက်တစ်ခါ ၀န် ကြီးဖြစ်ချင်လို့ စာရေးပြီးတောင်း တဲ့သူတွေကို စည်းမျဉ်းစည်းကမ်း အရ အရေးယူမယ်ဆိုတာ၊ ခပ် ပြတ်ပြတ်သားသား အရေးယူမယ် ဆိုတာ ဒီကနေ ပြောပါရစေ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ဆို သည်။
ဇန်န၀ါရီ ၄ ရက်က ရန်ကုန် မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်သည့် (၆၈)ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား၌ အမှာစကား ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
‘‘၀န်ကြီးဆိုတဲ့ နေရာကို အ လုပ်လုပ်နိုင်တဲ့သူကို ပေးမှာပါ။ နိုင်ငံ့အကျိုးပြုနိုင်တဲ့ သူတွေကို  ပေးမှာပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်မို့လို့ ပေးမယ်ဆို တာ မဟုတ်ပါဘူးဆိုတာ ကျွန်မဒီ ကနေ ပြောပါရစေ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ရွေးကောက်ပွဲ အနိုင်ရအ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့တွင် ၀န်ကြီးနေရာရရှိ ရန် ပါတီဗဟိုအလုပ် အမှုဆောင်တစ်ဦးထံ စာရေးသား တောင်းဆိုမှုများ ရှိနေသည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ရန်ကုန်မြို့၌အနှေးယာဉ်လုပ်သားများနှင့် တွေ့ဆုံရစဉ် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောကြားခဲ့သည်။
အစိုးရအဖွဲ့အသစ် ဖွဲ့ စည်းရာတွင် နိုင်ငံကိုအကျိုးပြုနိုင် မည့် တတ်သိပညာရှင်များ ထည့်သွင်းမည်ဖြစ်ကာ အမျိုးသားရင် ကြားစေ့ရေးကို ဆောင်ရွက်မည့် အစိုးရအဖွဲ့ဖြစ်ရမည်ဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
ဇန်န၀ါရီ ၄ ရက်က အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ပြုလုပ်သောလွတ်လပ်ရေး နေ့ အခမ်းအနားတွင် ပြောကြား သော အမှာစကားသည် ၁၄ မိနစ် ခန့်ကြာမြင့်ပြီး ရွေးကောက်ပွဲအ ပြီး လူထုအား ပြောကြားသည့် ပထမဦးဆုံး အမှာစကားဖြစ်ကာ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးနှင့် ရှေ့ ဆက်သွားမည့် ပြုပြင်ပြောင်းလဲ ရေးတို့၌ ပြည်သူများ ပူးပေါင်းပါ ၀င်ကြရန် ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် အ ပြောင်းအလဲ လုပ်ဆောင်မည်ဆို သောကြောင့် စိုးရိမ်မှုရှိသူများအ နေဖြင့် မစိုးရိမ်ကြရန်နှင့် အားလုံး အတွက် အကျိုးရှိသော ပြုပြင် ပြောင်းလဲမှုဖြစ်ရန် ကြိုးစား လုပ်ဆောင်မည်ဖြစ်ကြောင်း၊ နောင်တက်လာမည့် အစိုးရအဖွဲ့၏ ပထမဦးဆုံးတာဝန်သည် ပြည် တွင်းငြိမ်းချမ်းရေးတည်ဆောက် ရေးဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။
‘‘နောက် တက်လာမယ့် အစိုးရရဲ့ ပထမဦးဆုံးတာဝန်တစ် ခုကတော့ ငြိမ်းချမ်းရေးတည် ဆောက်ဖို့ပဲ ဖြစ်တယ်။ တကယ့် ထိရောက်တဲ့ ငြိမ်းချမ်းရေး ညီ လာခံကြီးတစ်ခု ကျင်းပပြီးတော့ လက်မှတ်ရေးထိုးထားတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အားလုံး ပိုမိုပြီးတော့ ပါဝင်လာနိုင်ဖို့အတွက် လုပ်ရမယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ဆိုသည်။
ပြည်သူအားလုံး လိုလား သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စုကို တည်ဆောက်သည့် အခါတွင် ပြည်သူများ၊ တပ်မ တော်နှင့် တိုင်းရင်းသားအားလုံး ပါဝင်ရမည်ဟု ဒေါ်အောင်ဆန်း စုကြည်က ၎င်း၏အမှာစကား၌ထည့်သွင်းပြောကြားခဲ့သည်။
၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေး ကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ သက်တမ်းကုန်ဆုံးချိန်ဖြစ်သော လာမည့် မတ်လ ၃၀ ရက်နောက်ပိုင်းမှစတင်ကာ နိုင်ငံကို ငါးနှစ်တာ ဦးဆောင်ရတော့မည် ဖြစ်သည်။
Credit  to >>> 7 day Daily

0 comments:

Post a Comment