Monday, August 31, 2015

အနည်းဆုံးလုပ်ခကို မကျေနပ်၍ စက်ရုံပိတ်သိမ်းလိုသူများ ပိတ်သိမ်းနိုင်ကြောင်း ဝန်ကြီးဦးအေးမြင့်ပြော

 နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များအပါအဝင် စက်ရုံသစ်များစွာ ဖွင့်လှစ်ရန်ရှိနေသဖြင့် လက်ရှိ သတ်မှတ်ပေးထားသည့် အနည်း ဆုံးအခကြေးငွေ ၃,၆၀၀ ကျပ်ကို မကျေနပ်၍ စက်ရုံပိတ်သိမ်းလိုသူ များ မိမိဆန္ဒအတိုင်း ပြုလုပ်နိုင် ကြောင်း အလုပ်သမားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

‘‘ပိတ်မယ့်၊ လျှော့မယ့်လူရှိ ရင်ပြောလို့ သူတို့ကိုပြောထား တယ်။ အခုအချိန်ထိတော့ ပိတ် မယ်လို့ဘယ်သူမှ မပြောသေး ဘူး’’ဟု ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောသည်။
လက်ရှိတွင် ပြည်တွင်း၌ လုပ်ငန်းလုပ်ကိုင်နေသော ပြည် တွင်း၊ ပြည်ပအထည်ချုပ်လုပ် ငန်းရှင်များသည် အမေရိကန် ဒေါ်လာတန်ဖိုးမြင့်တက်နေခြင်း ကြောင့် အစိုးရကသတ်မှတ်သည့်အနည်းဆုံးလုပ်ခလစာ ၃,၆၀၀ မှာ အဆင်ပြေနေသည်။
လက်ရှိတွင် ပြည်တွင်း၌ အမေရိကန် ဒေါ်လာတန်ဖိုးသည် ပြင်ပဈေး ကွက်တွင် တစ်ဒေါ်လာ ၁,၂၆၀ ကျပ် ကျော်ခန့်ရှိနေသည်။ ယခင်ဈေးနှုန်း တစ်ဒေါ်လာ ၁,၀၀၀ ကျပ်အောက်တွင်ရှိနေပါက အခက်အခဲများစွာရှိနိုင်ကြောင်း စက်မှုဇုန်ဥက္ကဋ္ဌတစ်ဦးက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်ခသတ်မှတ်နိုင်ရန် ၂ နှစ် ကျော်ကြာအချိန်ယူခဲ့ပြီးနောက် အလုပ်သမားတစ်ဦး၏ တစ်ရက် အနည်းဆုံးလုပ်ခကို ကျပ် ၃,၆၀၀ သတ်မှတ်ကြောင်း အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင် ရာ အမျိုးသားကော်မတီက ဩဂုတ် ၂၈ ရက်၌ ထုတ်ပြန်ထား သည်။
အနည်းဆုံးအခကြေးငွေ ၃,၆၀၀ ကျပ်သတ်မှတ်မည်ဆိုပါ က တရုတ်နှင့် ကိုရီးယားအထည် ချုပ်စက်ရုံများ စက်တင်ဘာတွင် ပိတ်သိမ်းမည်ဟု စက်ရုံပိုင်ရှင် များက ဇူလိုင် ၂ ရက်တွင် ပြုလုပ် သည့် အထည်ချုပ်လုပ်ငန်းရှင် များတွေ့ဆုံဆွေးနွေးပွဲ၌ ထုတ် ဖော်ပြောကြားထားသည်။
အဆိုပါ ဆွေးနွေးပွဲတွင် တရုတ်အထည်ချုပ်စက်ရုံ ၃၀ ကျော်နှင့် ကိုရီးယားအထည်ချုပ်စက်ရုံ ၆၀ ကျော်တို့ ရပ်နားမည်ဟု ထုတ်ဖော်ပြောကြားခဲ့သော်လည်း နိုင်ငံသားပိုင်စက်ရုံများကမူ အလုပ်သမားများနှင့် လက်တွဲ၍ လုပ်ငန်းဆက်လက်လည်ပတ်မည်ဖြစ်ပြီး ရပ်တည်ရန်မဖြစ်နိုင်တော့သည့်အချိန်မှသာ စက်ရုံပိတ်သိမ်းမည်ဖြစ်ကြောင်း ပြောခဲ့သည်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်ချက်ကြောင့် လုပ်ငန်း မကျွမ်းကျင်သေးသောအလုပ် သမားများ အလုပ်လျှော့ချမှုများ ကြုံတွေ့နေရသဖြင့် လုပ်ငန်း ကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ် ပြုလက်မှတ်များလိုအပ်ကြောင်း အလုပ်သမားရေးရာကူညီဆောင် ရွက်နေသူများက ပြောသည်။
မြန်မာနိုင်ငံတွင် လုပ်ငန်း ကျွမ်းကျင်မှုနှင့်ပတ်သက်၍ ထုတ် ပေးနေသောလက်မှတ်များသည် လုပ်ငန်းအမျိုးအစားအနည်းငယ် သာရှိပြီး လက်ရှိဝင်ရောက်နေ သော ရင်းနှီးမြှုပ်နှံမှုများနှင့် သက်ဆိုင်သောလက်မှတ်ရသင်တန်းများ အစိုးရ တိုက်ရိုက်ဖွင့်လှစ်ပေးမှုမှာ အနည်းငယ်သာရှိနေသည်။
လက်ရှိ အစိုးရလက်ထက်၌ ၀င်ရောက်လာသော နိုင်ငံခြား ရင်းနှီးမြှုပ်မှုများတွင် လုပ်သား အခြေပြုသော အထည်ချုပ်လုပ် ငန်းများနှင့် လက်ခစားလုပ်ငန်းများမှာ အများစုဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အထွေထွေအတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
Credit to : 7 Day Daily

0 comments:

Post a Comment