Monday, August 31, 2015

ခေတ်သုံးခေတ်အနုလက်ရာများတည်ရှိနေသည့်တမုတ်ရှင်ပင် ရွှေဂူကြီးစေတီတော်ပရိဝုဏ်ကိုရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံ တည်ရှိရာဇုန်အဖြစ် နှစ်လအတွင်း သတ်မှတ်မည်


 ခေတ်သုံး ခေတ်အနုလက်ရာများတည်ရှိနေသည့် တမုတ်ရှင်ပင်ရွှေဂူကြီးစေတီ တော်ပရိဝုဏ်ကို ယဉ်ကျေးမှုအမွေ အနှစ်ဒေသ၊ ရှေးဟောင်းအထိမ်း အမှတ်အဆောက်အအုံတည်ရှိရာ ဇုန်အဖြစ် နှစ်လအတွင်းသတ်မှတ် သွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တည်ရှိသည့် ယင်းစေတီတော်ပရိ ဝုဏ်ကို ယင်းကဲ့သို့သတ်မှတ်နိုင်ရန် အတွက် လက်ရှိတွင်ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီဆောင်ရွက် နေပြီး လာမည့်တစ်လနှစ်လအတွင်း တွင်သတ်မှတ်နိုင်မည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်ဦးရဲမြင့်က ပြောသည်။
''ပုဂံခေတ်၊ အင်းဝခေတ်၊ ပင်း ယခေတ် ခေတ်သုံးခေတ်ရဲ့ အနုလက် ရာတွေ ဒီမှာအများကြီးတည်ရှိနေ တယ်။ ခေတ်တန်ဖိုးသမိုင်းတန်ဖိုး နဲ့တွက်ရင်တောင် ဒါဟာ ရှေးဟောင်း စာရင်းသွင်းလို့ရတဲ့အတွက် ဒါကိုရှေး ဟောင်းဇုန်အဖြစ် သတ်မှတ်နိုင်ဖို့လုပ် နေပါတယ်။ ယဉ်ကျေးမှုဝန်ကြီးဌာ နက သတ်မှတ်ပြီး ထိန်းသိမ်းစောင့် ရှောက်သွားဖို့ သက်ဆိုင်ရာဌာနအသီး သီးနဲ့လဲ မူအားဖြင့် သဘောတူထားပြီး သားပါ''ဟုယင်းကပြောသည်။
ယဉ်ကျေးမှုအမွေအနှစ်ဒေသ ရှေးဟောင်းအထိမ်းအမှတ်အဆောက် အအုံတည်ရှိရာဇုန်အဖြစ်သတ်မှတ် ၍ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အ တွက် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည် ထောင်စုရှေ့နေချုပ်ရုံး၏ သဘော ထားမှတ်ချက်ရယူခြင်း၊ ပြည်ထောင် စုအစိုးရအဖွဲ့၏ သဘောတူညီချက် ရယူခြင်းလုပ်ငန်းစဉ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ယင်းပြည်ထောင်စုအစိုးရအ ဖွဲ့၏ သဘောတူခွင့်ပြုချက်ရရှိပါက ဥပဒေနှင့်အညီ ယဉ်ကျေးမှုအမွေ အနှစ်ဒေသ၊ ရှေးဟောင်းအထိမ်းအ မှတ်အဆောက်အအုံတည်ရှိရာဇုန် အဖြစ် အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍''ဒီစေတီ တော်ကြီးကို အရင်ကပင်းယခေတ် လို့ပဲယူဆကြတယ်။ နောက်တပ္ပဝတီ ဦးဝင်းမောင်တို့ကဆက်ပြီး သုတေသ နပြုတော့ ပျူခေတ်အရိုးအိုးတွေတွေ့ရတယ်။ အရိုးအိုးသုံးဆယ် ကနေ ခြောက်ဆယ်ကြားလောက်ကိုရခဲ့ တယ်။ ဆင်းတုတော်ကလဲ နှစ်ထပ် ငုံပြီး တည်ခဲ့တာပေါ့။ ဆင်းတုတော် တစ်ဆူထဲမှာ တစ်ဆူရှိနေတယ်။ အဲ ဒါကိုမပိတ်ဘဲ ဒီတိုင်းဖွင့်ပေးထား တယ်။ ပင်းယခေတ်က တည်ထား ခဲ့ပြီး ပျူအထောက်အထားတွေပေါ် မှာရှိနေတဲ့ စေတီတစ်ဆူပါ။ အရမ်း ကိုသမိုင်းတန်ဖိုးကြီးမားပါတယ်''ဟု ရှေးဟောင်းသမိုင်းသုတေသနပညာ ရှင်ဦးဘုန်းတင့်ကျော်ကပြောသည်။
တမုတ်ရှင်ပင်ရွှေဂူကြီးသည်ပုဂံ ခေတ်အနော်ရထာမင်းလက်ထက် လယ်တွင်းကိုးခရိုင်မြို့များတွင် ရွှေ ဂူစေတီကိုးဆူတည်ခဲ့ရာတွင် တမုတ် ရွှေဂူကြီးစေတီတော်လည်းပါဝင်ခဲ့ပြီး ခေတ်အဆက်ဆက်မင်းများ ထိန်းသိမ်း ပြုပြင်ခဲ့ပြီး ပင်းယခေတ်နောက်ပိုင်း တွင် ထိန်းသိမ်းမှုမရှိခဲ့ဘဲ သဘာဝ ဘေးဒဏ်များကြောင့် စေတီတော် ဘုရားကုန်းတစ်ခုလုံးတွင်တောချုံ များဖုံးလွှမ်းခဲ့ရသည်။
ထို့ကြောင့် ၁၉၁၅ခုနှစ်တွင် စေ တီတော်တစ်ဆူပြန်လည်တည်ထား ခဲ့ပြီး ၁၉၉၃၊ ၁၉၉၄နှင့် ၂၀၀၉ ခုနှစ် တို့တွင် ချုံများနှင့်အုတ်ကျိုးများရှင်း လင်းခဲ့ရာမှ မူလစေတီတော်ကြီး၏မြောက်ဘက်မုခ်ဝင်ပေါက်၊ စေတီ တော်ပန္နက်ပုံ၊ ပစ္စယာ၊ လှေကားခုံ များနှင့် အင်္ဂတေပန်းတော့အနုစိတ် လက်ရာများဖြင့် တန်ဆာဆင်ထား သော မြောက်ဘက်မျက်နှာလှည့် နှစ်ထပ် အတွင်းစေတီတော်ကြီးတို့ ပေါ် ထွက်ခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီး ဌာန၏ ဖော်ပြထားချက်များအရ သိရသည်။
Credit to : Democracy Today 

0 comments:

Post a Comment