Thursday, July 23, 2015

တရုတ်စတော့ကျဆင်းမှုက မြန်မာ့စီးပွားရေးအပေါ် ရိုက်ခတ်လာနိုင်

စတော့ဈေးနှုန်းများ ကျဆင်းလာမှုကြောင့် စိတ်ပျက်နေသူတစ်ဦး။ ဓာတ်ပုံ- သက်ဦးမောင်
တရုတ်နိုင်ငံရှိ စတော့ဈေးကွက် များလှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် တွင် အနည်းငယ် ဆိုးကျိုးသက် ရောက်နိုင်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ပြောဆိုကြသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်း နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု တွင် တရုတ်နိုင်ငံသည် အများဆုံး ဖြစ်နေသည်။

တရုတ်ပြည်၌ စတော့ရှယ်ယာ ကျဆင်းသွားသည့်အတွက် ကုန် သွယ်မှုပိုင်းတွင် အခြေခံစားသောက် ကုန်ဝယ်ခြင်းကြောင့် ဝယ်ယူမှုများ စွာ လျော့ကျနိုင်ခြင်း မရှိသော်လည်း မြန်မာနိုင်ငံမှ လိုအပ်သည့် ပစ္စည်း ဝယ်ယူမှု လျော့သွားနိုင်ပြီး ရင်းနှီးမြှုပ်နှံ မှု အပိုင်း၌ ထိခိုက်နိုင်ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဒေါက် တာမောင်အောင်က ပြောသည်။

”အထူးသဖြင့် ကျောက်ဖြူနဲ့ ပတ်သက်တာက တရုတ်လုပ်ငန်းရှင် တွေ များတယ်။ developer က လည်း တရုတ်လုပ်ငန်းရှင်တွေ ရဖို့ များတယ်။ အဲဒါက စတော့ဖြစ်တဲ့ ကိစ္စကြောင့် နည်းနည်းလေး နှောင့် နှေး သွားမလားပေါ့။ တရုတ်ရဲ့ မြန်မာ နိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ နည်းနည်းဖြစ်နိုင်တယ်”ဟု ၎င်းက ပြောသည်။

သို့သော် တရုတ်နိုင်ငံ၏ စီးပွား ရေး တည်ငြိမ်မှုမရှိပါက ၎င်းနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံနေကြသော ရင်းနှီးမြှုပ်နှံသူများက အခြားရင်းနှီး မြှုပ်နှံမှုကောင်းသည့် နိုင်ငံများတွင် ပြောင်းလဲ ရင်းနှီးမြှုပ်နှံနိုင်သော အခြေအနေများ ဖြစ်လာနိုင်ခြင်းကြောင့် ၎င်း၏ မြန်မာနိုင်ငံအပေါ် ရင်းနှီး မြှုပ်နှံမှု မထိခိုက်နိုင်ဟု ဒေါက်တာ မောင်အောင်က ပြောသည်။

မြန်မာပြည်က တင်သွင်းသော စားသုံးသူဈေးကွက်ဖြစ်ခြင်းကြောင့် တရုတ်ကုန်စည်များ ဈေးကျလာပါ က အမြတ်ထွက်နိုင်စရာအကြောင်း ရှိကြောင်း၊ မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှု နည်းနိုင်သော်လည်း မြန်မာ့ဆန်သည် တရုတ်နိုင်ငံတစ်ဝန်း ဖြန့်ချိနေခြင်းကြောင့် ဆန်တင်ပို့မှု ကျဆင်းသွားနိုင်ကြောင်း စီးပွားရေး၊ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ သန်းစိုး (ဘောဂဗေဒ) က ပြော သည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အဓိကထားတင်ပို့နေသည့် ကျောက် စိမ်း၊ကျောက်မျက်နှင့် ဆန် ဈေးကွက် တို့သည် ၎င်းဈေးကွက်တစ်ခုတည်း ကို အားမကိုးဘဲ အခြားနိုင်ငံ ဈေးကွက်များ သို့လည်း တင်ပို့နိုင်ရန် စဉ်းစားရမည်ဟု ဒေါက်တာမောင် အောင်က ပြောသည်။

မြန်မာ့ဆန်များ တရုတ်အပြင် ဥရောပဈေးကွက်သို့ တင်ပို့နိုင်ရန် ဈေးကွက်ရှာဖွေမှုများ ပြုလုပ်နေ ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ် ငန်းရှင်များအသင်းချုပ် အတွင်းရေး မှူး ဒေါက်တာစိုးထွန်းက ပြောသည်။ မြန်မာ့ဆန်များ တရုတ်အပြင် ဥရောပဈေးကွက်သို့ တင်ပို့နိုင်ရန် ဈေးကွက်ရှာဖွေမှုများ ပြုလုပ်နေ ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ် ငန်းရှင်များအသင်းချုပ် အတွင်းရေး မှူး ဒေါက်တာစိုးထွန်းက ပြောသည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံအတွင်း စွမ်းအင်၊ သဘာဝ ဓာတ်ငွေ့ကဏ္ဍများ၌ အဓိက ရှိနေပြီး ကုန်ထုတ်လုပ်မှုနှင့် လယ်ယာကဏ္ဍ များတွင် ရင်းနှီးမြှုပ်နှံမှုများ မရှိခြင်း ကြောင့် မြန်မာ့စီးပွားရေးအပေါ် ထူးခြားသည့် အပြောင်းအလဲ မရှိနိုင် ကြောင်း သိရသည်။

”အရေးကြီးတာက ရင်းနှီးမြှုပ်နှံ မှုတွေ လာတဲ့အခါမှာ ထုတ်လုပ်မှု ကဏ္ဍကို မြှင့်တင်ပေးနိုင်မယ့် စက်ရုံ၊ အလုပ်ရုံတွေ ရှိရင်တော့ ကောင်းတာ ပေါ့။ အဲဒါမျိုးတွေကို ပိုပြီးတော့ မျှော် လင့်ရမှာပေါ့။ တရုတ်က ကုန်ထုတ် လုပ်မှုကဏ္ဍမှာ မလာတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်သွား လည်း ဘာမှဖြစ်မှာ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

နှစ်နိုင်ငံကုန်သွယ်မှုရှိနေခြင်း ကြောင့် တရုတ်နိုင်ငံ၏ စတော့ဈေး ကွက်တွင် ရှယ်ယာများ ကျဆင်းခြင်း သည် ကုန်သွယ်မှုတွင် အကျိုးသက် ရောက်နိုင်သကဲ့သို့ ရင်းနှီးမြှုပ်နှံမှု တွင်လည်း လျော့နည်းနိုင်ကြောင်း စီးပွားရေးပညာရှင် ဒေါ်ရီရီမြင့်က ပြောသည်။

”သူတို့ရဲ့ စီးပွားရေးက ကျသွား တဲ့အခါမှာ မြန်မာပြည်က သူတို့ဝယ် ရမယ့်ဟာတွေ မဝယ်နိုင်တော့တာ တို့၊ Export နည်းတာတို့ ဖြစ်လာ နိုင်တယ်။ ရင်းနှီးမြှုပ်နှံမှုဘက်မှာ လည်း သက်ရောက်လာနိုင်တယ်။ နောက်ဆုတ်သွားတာတွေ ဖြစ်နိုင် တယ်။ ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်လို့ မလာတဲ့အတွက် ကိုယ့်ဆီမှာ ရင်းနှီး မြှုပ်နှံမှုတွေ နည်းလာမယ်”ဟု ၎င်း က ပြောသည်။

လက်ရှိ တရုတ်နိုင်ငံ၌ ကုမ္ပဏီ အများစု စီးပွားရေးပျက်နေခြင်း ကြောင့် မြန်မာနိုင်ငံ၏ လယ်ယာ ထွက်ကုန်ပစ္စည်းများ ကုန်သွယ်မှု ထိခိုက်လာနိုင်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောသည်။

လတ်တလော၌ မူဆယ်တွင် ဆန်မတင်ပို့နိုင်ဘဲ စုပုံနေပြီး တရုတ် ပြည်မှ ကြွေးပြန်မရသည့် ကိစ္စများ ရှိနေသည်။ ဈေးကွက် အရောင်း အဝယ်တန့်နေခြင်းကြောင့် ယခု ပြည်တွင်း၌ ဆန်ဈေးများ ပြန်ကျ မည့် အနေအထားရှိကြောင်း၊ ဇူလိုင် နှင့် သြဂုတ်လတို့သည် ပြည်တွင်း၌ ဆန်ရှားပါးချိန် ဖြစ်ပြီး အောက်တို ဘာနှင့် နိုဝင်ဘာလတို့တွင် ပြည်တွင်း စပါးပေါ်ချိန်၌ ဆန်ဈေးကျပါက လယ်သမားများပါ ပြိုလဲနိုင်ကြောင်း ၎င်းက ပြောသည်။

ယမန်နှစ်က ဆန်တန်ချိန် ၁ ဒသမ ၈ သန်း ပြည်ပတင်ပို့မှုထဲတွင် တရုတ်နိုင်ငံသို့ ၇ဝ ရာခိုင်နှုန်း တင်ပို့ ခဲ့သည်။ ယခုနှစ်တွင် ဆန်တန်ချိန် နှစ်သန်း တင်ပို့ရန် မျှော်မှန်းထား သော်လည်း ယခု တရုတ်ပြည် ဈေးကွက်၏ စီးပွားရေးလှုပ်ခတ်မှု ကြောင့် ဆန်ဝယ်ယူမှု လျော့ကျသွား နိုင်ကြောင်း သိရသည်။

”ဒီနှစ်က တန်ချိန် နှစ်သန်း လောက် တင်ပို့နိုင်မယ်လို့ မှန်းတာ။ အခုကတော့ စောင့်ကြည့်ရတော့ မှာပေါ့။ အခြေအနေကတော့ အခု ချက်ချင်း ပြောလို့တော့ မရဘူး” ဟု ၎င်းက ပြောသည်။

”ကုန်သွယ်ဖက် တရုတ်နိုင်ငံရဲ့ စီးပွားရေးရိုက်ခတ်မှုက ကျွန်တော် တို့ရဲ့ တိုင်းပြည်ကို ထိခိုက်လာနိုင် တယ်။ ဒါကို ကျွန်တော်တို့ အစိုးရ အနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်။ လုပ်ငန်းရှင်တွေ အကုန်လုံး ကလည်း ဒါတွေကို ပြင်ဆင်ထားဖို့ လိုတယ်”ဟု ဒေါက်တာစိုးထွန်းက ပြောသည်။

Credit to: The Trade Time

0 comments:

Post a Comment