ပုသိမ်မြို့နယ်အတွင်းမှာရှိတဲ့ ပင်လယ်အပန်းဖြေ
ကမ်းခြေစခန်းတစ်ခုဖြစ်တဲ့ ငွေဆောင်ကမ်းခြေမှာ လာရောက် အပန်းဖြေကြတဲ့
ဧည့်သည်တွေကို ပင်လယ်ကမ်းခြေတစ်လျှောက် ရေမကူးကြဖို့ ဇူလိုင်လ တတိယပတ်မှ
စတင်ပြီး မြေစိုက်ပိုစတာတွေ စိုက်ထူသတိပေး တားမြစ်ထားတယ်လို့ ဒေသခံတွေ ထံမှ
သိရပါတယ်။
ငွေဆောင်ကမ်းခြေကို လာရောက်ကြတဲ့ ဧည့်သည်တွေအနေနဲ့
သဘာဝအန္တရာယ်ကို သိရှိနားလည်မှု အားနည်းတာ၊ ကမ်းပါး မတ်စောက်တာ၊ မိုးရာသီမှာ
လှိုင်းလုံးကြီးတာကြောင့် ရေဆွဲကြမ်းတာ၊
ရေဒါန်းလိုမျိုး ရေကူးတဲ့သူတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ရေသတ္တဝါတွေ
ကမ်းခြေအနီးအထိ ရောက်ရှိလာနိုင်တာ တွေကြောင့် တားမြစ်ရတာ ဖြစ်တယ်လို့
ငွေဆောင်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးနေအောင်နိုင်က ရှင်းပြပါတယ်။
‘ရေ (လုံးဝ) မကူးရ အသက်အန္တရာယ် ရှိသည်၊ ရာသီဥတု ဆိုရွားနေပါသဖြင့် ရေလုံးဝမကူးရန် သတိပေးအပ်ပါသည်’ စတဲ့ မြေစိုက်ပိုစတာတွေ စိုက်ထူထားတဲ့အပြင် လာရောက်အပန်းဖြေတဲ့ ဧည့်သည်တွေ အသက်အန္တရာယ် ကင်းစေဖို့အတွက် ဟိုတယ်တွေမှာ လက်ကမ်းစာစောင်တွေ ပေးဝေတာ၊ သတိပေးဆိုင်းဘုတ်တွေ စိုက်ထူတာတွေအပြင် ငွေဆောင်ဟိုတယ် လုပ်ငန်းဇုန် အဖွဲ့ ငွေဆောင်ဒေသ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံ လူမှုရေးအဖွဲ့တွေ ပူးပေါင်းပြီး ငွေဆောင်ကမ်းခြေ ရေပြင် သက်ကယ်ကော်မတီကို ဖွဲ့စည်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ငွေဆောင်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံးမှ သိရပါတယ်။
Credit to >>>The Voice
0 comments:
Post a Comment