Thursday, July 23, 2015

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လာမည့်နှစ်မှစပြီး ခရီးသည်ခြောက်သန်းခန့် ဝန်ဆောင်မှုပေးနိုင်တော့မည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဆင့်မြှင့်တင်ခြင်း ပထမအဆင့် လုပ်ငန်းများ အောက်တိုဘာလတွင်ပြီးစီးမည်ဖြစ်သည့်အတွက် လာမည့်နှစ် တွင် ခရီးသည်ခြောက်သန်းခန့်ဝန်ဆောင်မှုပေးနိုင်တော့မည်ဖြစ်ကြောင်း လေ
ကြောင်းဦးစီးဌာနမှ သိရသည်။


အဆိုပါအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား၂ဝ၁၄ခုနှစ် နှစ်ဦးပိုင်းမှ စတင် ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''ပြီးတော့မှာပါ။ ပြီးသွားရင်တော့ လက်ရှိ ခရီးသည်သုံးသန်းလောက် ဝန် ဆောင်မှုပေးနေရာကနေ နောက်ထပ်နှစ်ဆလောက်တိုးပြီး ဝန်ဆောင်မှုပေးနိုင် ဖို့အတွက် မျှော်လင့်ပါတယ်''ဟု လေကြောင်းဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆင့်မြှင့်တင်ရာတွင် ကားပါကင်များ၊ ခရီးသည်စောင့်ဆိုင်းနေရာများ တိုးချဲ့ဆောက်လုပ်ခြင်းများပါဝင်ကြောင်း သိရသည်။
ရန်ကုန်လေဆိပ်ပထမအဆင့်မြှင့်တင်ခြင်းလုပ်ငန်းပြီးစီးပါက ဖွင့်ပွဲအား ၂ဝ၁၆ခုနှစ်တွင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
Credit to >>> Yangon Media Group

0 comments:

Post a Comment