Thursday, August 7, 2014

မိုဘိုင်း ဗီဒီယိုတည်းဖြတ်သည့် Directr ကုမ္ပဏီကို YouTube ဝယ်ယူ


Google ပိုင်ဆိုင်သည့် ဗီဒီယို ဝန်ဆောင်မှုဖြစ်သော YouTube သည် ဗီဒီယိုတည်းဖြတ်သည့် Directr ကုမ္ပဏီကို အမည်မဖော်ပြသော ငွေကြေးပမာဏဖြင့် ဝယ်ယူခဲ့ကြောင်း ကြေညာလိုက်သည်။
Directr ၏ နည်းပညာသည် သုံးစွဲသူများအား ရုပ်ရှင်များကို မိုဘိုင်းထုတ်ကုန်တစ်ခုပေါ်မှ အလွယ်တကူ ဖန်တီးစေနိုင်သည်။ ထို့အတွက် ရုပ်ရှင်ရိုက်ကူးသည့် အတွေ့အကြုံရှိရန် မလိုအပ်ပေ။ ထို့အပြင် Directr သည် storyboard ရေးဆွဲခြင်း၊ နောက်ခံသီချင်း ထည့်သွင်းခြင်းနှင့် စာတန်းထိုးများထည့်သွင်းခြင်းစသည့် လုပ်ငန်းစဉ်များအတွက် tool များကို ထောက်ပံ့ပေးထားသည်။ ၎င်းကို Apple ၏ iPhone တွင်သာ အသုံးပြုနိုင်သေးသော်လည်း Android version ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်နေကြောင်း ကုမ္ပဏီ၏ စာမျက်နှာတွင် ဖော်ပြထားသည်။
“လက်ရှိမှာ Directr အနေနဲ့ အရင်အတိုင်းပဲ ဆက်ရှိနေပါမယ်။ ကုမ္ပဏီအနေနဲ့ ဗီဒီယိုတွေကို အလွယ်တကူ လျင်မြန်စွာ ဖန်တီးပေးနိုင်ဖို့အတွက် အဓိကအာရုံစိုက် လုပ်ဆောင်နေမှုကို ဆက်လက်ပြုလုပ်သွားမှာပါ” ဟု Directr က blog post တွင် ရေးသားဖော်ပြခဲ့သည်။
အဆိုပါ Directr app သည် ယခင်က feature များနှင့် အသုံးပြုသည့် ပမာဏအပေါ်မူတည်၍ တစ်လလျှင် အမေရိကန်ဒေါ်လာ ၂၅ မှ ၄၀၀ အထိ ကျသင့်ခဲ့သည့်။ သို့သော်လည်း ၎င်း app ကို ယခုအခါ အခမဲ့ ရရှိနိုင်ကြောင်း Directr မှ ပြောကြားခဲ့သည်။

Ref: VentureBeat

0 comments:

Post a Comment