Thursday, August 7, 2014

နှစ်ရက်အတွင်း နိုင်ငံသားလျှောက်ထားသည့် ဘင်္ဂါလီ ၃၀ ခန့်ကို စစ်ဆေးပြီးဟုဆို


 မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီတစ် ထောင်ကျော်ကို မြို့နယ်အဆင့် လူတွေ့စစ်ဆေးရာ နှစ်ရက်အတွင်း လူပေါင်းသုံးဆယ်ခန့် စစ် ဆေးနိုင်ခဲ့ပြီး ဥပဒေနှင့်မညီသော သူများကို ထုတ်ပယ်သွားမည်ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သ တင်းရရှိသည်။

‘‘လူပေါင်းသုံးဆယ်ကိုတော့ စစ်ဆေးပြီးသွားပါပြီ။ ဥပဒေနဲ့ မ ညီရင်ထုတ်ပယ်သွားမှာပါ။ဘယ် လောက် ထုတ်ပယ်မလဲဆိုတာ တော့ ပြောလို့မရသေးပါဘူး။ စိ စစ်နေတုန်းဆိုတော့’’ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အကြီးတန်းအရာရှိ ကြီးတစ်ဦးကပြောသည်။

မြန်မာနိုင်ငံသား ဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီ တစ် ထောင်ကျော်ကို လူတွေ့စစ်ဆေးမေးမြန်းခြင်းကို သြဂုတ် ၅ရက်၌ မြို့နယ်အဆင့် ဆောင်ရွက်ခဲ့သည်။

ယင်းသို့ မြို့နယ်အဆင့်ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးကဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဆိုပါအ အဖွဲ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ဥ ပဒေပညာရှင်များ၊ မြို့နယ်လ၀ က၊ ရခိုင်တိုင်းရင်းသားကိုယ်စား လှယ်နှစ်ဦး၊ ဘင်္ဂါလီကိုယ်စားလှယ်တစ်ဦးပါဝင်ကာ အချက်အလက်များကို လူတွေ့စစ်ဆေးခဲ့သည်။

စစ်ဆေးခြင်းကို မြို့နယ်အ ဆင့်ဆောင်ရွက်နေသော်လည်း စိစစ်မှုကို စနစ်တကျလုပ်ဆောင် မည်ဖြစ်သောကြောင့်နိုင်ငံသား အဖြစ်လျှောက်ထားသူဘင်္ဂါလီ တစ်ထောင်ကျော်ကို မည်သည့် ရက်အတွင်း အပြီးသတ်စိစစ်သွား မည်ကို ပြော၍မရကြောင်း အထက်ပါ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

လျှောက်ထားသူများ နိုင်ငံ သားဖြစ်ခွင့်ကို မြို့နယ်အဆင့်စိ စစ်ပြီးပါက ခရိုင်အဆင့်၊ ပြည်နယ် အဆင့်နှင့်လ၀ကရုံးချုပ်က ပြန် လည်စစ်ဆေးပြီး အစိုးရအဖွဲ့များ ပါဝင်သည့်ဗဟိုအဆင့်အဖွဲ့က စိ စစ်ခွင့်ပြုသွားမည်ဖြစ်သည်။

၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပ ဒေအရ မြေပုံမြို့နယ်တွင် ဇွန်လ ၁၅ရက်မှစ၍ ပိုင်းလော့(Pilot)ဧရိ ယာအဖြစ်သတ်မှတ်ပြီး ဘင်္ဂါလီ လူမျိုးများကို နိုင်ငံသားစိစစ်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဗဟိုအဆင့်တွင်လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနမှ ၀န်ကြီး၊ ဒုတိယ၀န်ကြီး တို့က ဦးဆောင်ပြီးအခြားပြည်ထဲ ရေး ၀န်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က အကဲဖြတ်မည်ဟု သတင်းရရှိသည်။

7 Day Daily

0 comments:

Post a Comment