Tuesday, August 12, 2014

ဗလာဗလာဗလာရိုက်ရင်း မိုးလင်းခဲ့ရတဲ့ နန်းမြတ်ဖြိုးသင်း

သူငယ်ချင်းတေးစီးရီးတွင်ပါဝင်သည့် ဗလာဗလာဗလာ သီချင်းကိုပရိသတ်များအမြင် ဆန်းစေရန်လေယာဉ်ကွင်း၌သွား ရောက်ရိုက်ကူးခဲ့သလို
မိုးလင်း သည်အထိ အချိန်ပေးရိုက်ကူးခဲ့ရ ကြောင်း နန်းမြတ်ဖြိုးသင်းကပြော သည်။ ‘‘ဗလာဗလာဗလာသီချင်း ကို နေ့လယ်လောက်ကတည်းက
ရိုက်တာ။ နောက်နေ့မနက်မိုးလင်းမှရိုက်ကွင်းပြီးတယ်။အဲဒါ ကတော့ အမှတ်တရပါပဲ’’ဟု ၎င်း ကပြောသည်။

သူငယ်ချင်းအမ်တီဗီကိုလည်း ဆက်တိုက်ရိုက်ကူးနေပြီး နန်းသူဇာနှင့် နှစ်ယောက်တွဲသီချင်းများရိုက်ကူးရန်ကျန်ရှိနေ သေးသည်ဟုဆိုသည်။
လူငယ်အဆိုတော်များ ပါဝင်သရုပ်ဆောင်ရိုက်ကူးမည့်ရုပ် ရှင်ဇာတ်ကားကြီးအပေါ် ပရိသတ် စိတ်ဝင်းစားမှုနှင့်ပတ်သက်၍ မရိုက်မီအချိန်ကတည်းက
ရင်ခုန်နေကြောင်း ၎င်းကဆိုသည်။

‘‘လောလောဆယ်တော့ တက္ကသိုလ်ကျောင်းသားဇာတ်ဆိုတာပဲသိရသေးတယ်။ ဒီရုပ်ရှင်မှာ က လူငယ်အဆိုတော်တွေအဓိက သရုပ်ဆောင်မှာဆိုတော့
ဒီရုပ်ရှင်နဲ့ပတ်သက်ပြီးပရိသတ်တွေဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ တော်တော်စိတ်ဝင်စားပါတယ်’’ ဟု နန်းမြတ်ဖြိုးသင်းကပြောသည်။

 7DayDaily

0 comments:

Post a Comment