Tuesday, August 12, 2014

မိုးကာလတွင် ကျန်းမာရေးပြဿ နာများမဖြစ်ပွားရေး စနစ်တကျနေထိုင်စားသောက်ရန် အရေးကြီး


'ဝါဆို၊ ဝါ ခေါင်ရေဖောင်ဖောင်'ဆိုသည့် အတိုင်း မိုးသည် အဆက်မပြတ်ရွာနေသကဲ့ သို့ မိုးရေတစွတ်စွတ်နှင့် သွားရေး၊ လာရေး၊ နေရေးထိုင်ရေးကလည်း အဆင်မပြေရှိကြသည့်အပြင် ယင်း ကာလတွင်ဖြစ်တတ်သည့် ကျန်းမာ ရေးပြဿ နာများကလည်း အများ အပြားပင်ဖြစ်သည်။
အဝတ်အစားခြောက်သွေ့မှုမ ရှိခြင်း၊ ဦးခေါင်းစိုစွတ်ခြင်း၊ မိုးမိခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိခြင်းတို့ က မိုးကာလတွင်ဖြစ်ပွားတတ်သည့် ကျန်းမာရေးပြဿ နာ တချို့ကို ဖိတ် ခေါ်သကဲ့သို့ရှိနေရာ ယင်းတို့နှင့်ပတ် သက်၍ သတိပြုဆင်ခြင်သင့်ပေသည်။
မှိုစွဲကပ်နိုင်သည့်နေရာများ
****************************
အဝတ်ဗီရို၊ အဝတ်သေတ္တာနှင့် အဝတ်ခြင်းတောင်းများစိုထိုင်းဆရှိ နေပါက အလွယ်တကူမှိုစွဲနိုင်ကြောင်း၊ သန့်ရှင်းခြောက်သွေ့မှုမရှိသည့် အဝတ်အစားများ၊ မျက်နှာသုတ် ပဝါ၊ ခေါင်းအုံးစွပ်များတွင် ဖားဥစွဲ ခြင်း၊ မှိုစွဲခြင်းများဖြစ်နိုင်ပြီး အဆို ပါမှိုများသည် မှိုရောဂါအမျိုးမျိုး ကိုဖြစ်စေနိုင်ကြောင်း သိရသည်။
သန့်ရှင်းခြောက်သွေ့မှုမရှိသည့် စိုထိုင်းဆအဝတ်အစားများကိုဝတ် ဆင်ခြင်း၊ ဖားဥ၊ မှိုစွဲကပ်နေသည့် ခေါင်းအုံးစွပ်၊ မျက်နှာသုတ်ပဝါများ ကိုထိတွေ့သုံးစွဲခြင်းစသည်တို့မှ အရေပြားမှိုရောဂါများဖြစ်ပွားတတ် ကြောင်း၊ အရေပြားမှိုရောဂါများ တွင် ပွေး၊ညှင်း၊ဒက်စသည့် ရောဂါများပါ ဝင်ကြောင်း သိရသည်။
မှိုရောဂါဖြစ်ပွားပါက
**********************
အရေပြားမှိုများသည် အလွယ် တကူခြောက်သွေ့နိုင်ခြင်းမရှိသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများတွင်အများဆုံးဖြစ်ပွားတတ်ကြောင်း (ဥပမာ -ချိုင်းကြား၊ပေါင်ခြံစသည့် နေရာများ၊ ဦးခေါင်း)တို့တွင် ဖြစ်ပွားရလွယ်ကူ ကြောင်း၊ ယားယံခြင်း၊ အကွက်များ ထခြင်းတို့ဖြင့် မှိုရောဂါလက္ခဏာများ ကိုကနဦးတွေ့ရတတ်ပြီး စောစီးစွာ ကုသခြင်းမရှိပါက သောက်ဆေး၊ လိမ်းဆေးများကိုရက်၊ လချီပြီးကြာ ရှည်မှီဝဲရနိုင်ကြောင်း သိရသည်။
ဦးခေါင်းရေမခြောက်ပါက
*****************************
''ခေါင်းရေမခြောက်ရင် အရင်ဆုံး အအေးပတ်တာဖြစ်မယ်၊ အဲဒီ ထက်ဆိုးလာရင် ဦးနှောက်အမြှေး ရောင်တာတွေဖြစ်ပြီး ဆီးချို၊ သွေးချို ရောဂါအခံရှိရင် အသက်သေတဲ့ အထိအန္တရာယ်ဖြစ်နိုင်တယ်''ဟု အထွေထွေရောဂါကု ဆရာဝန်တစ် ဦးဖြစ်သူဒေါက်တာအောင်စန်းဝင်း က ပြောကြားသည်။
ရန်ကုန်မိုးသည်သည်းထန် စွာရွာတတ်သလို၊ တဖွဲဖွဲနှင့်လည်း အဆက်မပြတ်ရွာတတ်သည့်အတွက် ထီး၊ ဦးထုပ်ဆောင်းရန်ဝါသနာမပါ သော၊ အလေ့အကျင့်မရှိသောသူများ အနေဖြင့် အဆောင်းအကာများ မပါဘဲသွားလာကြခြင်းသည် ဦးခေါင်း ကိုစိုစွတ်မှုကိုဖြစ်စေပြီး၊ ဦးခေါင်းတွင် အစိုဓာတ်ရှိနေပါက ကနဦးအနေဖြင့် နှာစေးခြင်း၊ အအေးပတ်ခြင်းတို့ဖြစ် ပွားတတ်ကြောင်း၊ ထိုမှတစ်ဆင့်ထိပ် ကပ်နာနှင့် အသက်အန္တရာယ်ပါစိုး ရိမ်ရသည့် ဦးနှောက်အမြှေးရောင် ခြင်းတို့ဖြစ်ပွားနိုင်ကြောင်း သိရသည်။
တစ်ကိုယ်ရည်သန့်ရှင်းရေးသည် သာ အဓိက
************************************************
မိုးရာသီတွင် မိုးရေနှင့် မလွတ် ကင်းနိုင်သည် မှန်သော်လည်း မိုးရေ ထိတွေ့ပြီးတိုင်း သန့်ရှင်းသောရေ နှင့် ပြန်လည်ဆေးကြောသင့်ပြီး မျက်နှာ၊ နှာခေါင်းတို့ကို မကိုင်တွယ် မီ လက်ကိုဆပ်ပြာဖြင့် ဦးစွာဆေးကြော သန့်စင်သင့်ကြောင်း၊ လက်သန့်ဆေး ရည်၊ အဆီတို့ကို လည်းဆောင်ထား နိုင်ကြောင်း သိရသည်။
ယင်းအပြင်အပြင်မှ ပြန်လာစဉ် ခြေ၊ လက်တို့ကိုသန့်စင်ခြင်းမပြုဘဲ ကလေးများချီပိုးခြင်း၊ သက်ကြီးရွယ် အိုများကိုလက်ဆွဲနှုတ်ဆက်ခြင်းများ မပြုလုပ်သင့်ကြောင်း၊ အသက်ငါး နှစ်အောက်ကလေးငယ်များနှင့် ကိုယ် ခံအားနည်းသော အသက်ခြောက် ဆယ်ကျော် သက်ကြီးရွယ်အိုများ သည် ရောဂါပိုးအလွယ်တကူကူး စက်ခံရနိုင်ခြင်း၊ အဆုတ်ထဲသို့ မှို ပိုးများ အလွယ်တကူဝင်ရောက်ခံရ နိုင်ကြောင်း သိရသည်။
''အဓိကကတော့ တစ်ကိုယ် ရည်သန့်ရှင်းရေးပဲ။ နောက်ပြီး အ ဝတ်တွေဆိုရင် သေချာခြောက်သွေ့ အောင်အခြောက်ခံတာတို့၊ ခြောက် ပြီဆိုရင်လဲ မီးပူတိုက်တာတို့၊ ခေါင်း ဆိုရင်လဲ နည်းနည်းလေးစိုတာပဲဆို ပြီး ပေါ့ဆမနေသင့်ဘူး။ီမပနမ နဲ့ မှုတ်ပြီး အခြောက်ခံတာတို့လုပ်သင့် တယ်''ဟု ဒေါက်တာအောင်စန်း ဝင်းက ဆက်လက်ပြောကြားသည်။
မည်သို့ပင် ဆိုစေလူသားများ သည် ပိုးမွှားကမ္ဘာထဲတွင်နေထိုင်နေ ရသည့်အတွက် ခန္ဓာကိုယ်ကိုတိုက် ရိုက်ထိတွေ့၍ဖြစ်စေ၊ ခန္ဓာကိုယ် တွင်းသို့ဝင်ရောက်၍ဖြစ်စေ ပိုးမွှား များအလွယ်တကူဝင်ရောက်နိုင် သောကြောင့် စနစ်တကျနေထိုင်စား သောက်ကြရန် အရေးကြီးလှကြောင်း ရေးသား လိုက်ပါသည်။

‪#‎Democracytoday‬

0 comments:

Post a Comment