Friday, August 15, 2014

နာဆာဂြိုဟ်တုမှ ပုံများတွင် မြောက်ကိုရီးယား ထူးဆန်းစွာ ပျောက်ကွယ်နေ


မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အကျယ်အ၀န်းစတုရန်းမိုင်ပေါင်း ၄၇၀၀၀ ရှိသော်လည်း နာဆာဂြိုဟ်တုမှ ရိုက်ကူးထားသော ပုံများတွင် ယခုအခါ ထူးဆန်းစွာ ပျောက်ကွယ်နေကြောင်း သိရသည်။
အိမ်နီးချင်း ရုရှား၊ တရုတ်နှင့် ၃၅ မိုင်သာ ကွာဝေးသော တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်တို့တွင်  အလင်းရောင်များ တွေ့ရသော်လည်း မြို့တော်ပြုံယမ်း တွင် ညဘက်အလင်းရောင်အနည်းငယ် ကို  တွေ့ရသည်မှလွဲ၍ တစ်နိုင်ငံလုံးတွင် မည်သည့်အလင်းရောင်ကိုမှ ဂြိုလ်တုဓာတ်ပုံတွင် မတွေ့ရှိခဲ့ရပေ။

ဥရောပ အာကာသအေဂျင်စီ၏ NightPod နည်းပညာအကူအညီကြောင့် နာဆာအနေဖြင့် အဆိုပါ ဓာတ်ပုံများကို ရှင်းလင်းပြတ်သားစွာ ရိုက်ကူးယူနိုင်ခဲ့သည်။

Ref:Daily Mail

0 comments:

Post a Comment