Wednesday, January 22, 2014

မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် ဗြိတိန် စိုက်ပျိုးစီးပွားသံအမတ် လာရောက်လေ့လာ

ဗြိတိန်နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများသံတမန် မစ္စတာ ဂျိမ်းတောင်းဆင်း ၏ ငါးရက်တာ မြန်မာနိုင်ငံခရီးစဉ်အတွင်း စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရေးနှင့် ပံ့ပိုးမှုများ ဆောင်ရွက် ရေးအတွက် လေ့လာမှုများပြုလုပ်မည်ဟု ဗြိတိသျှအစိုးရ ၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင် ထုတ်ပြန်ထား သည်။

ယင်း၏ခရီးစဉ်အတွင်း မြန်မာအစိုးရအဖွဲ့ဝန်ကြီးများ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ပါမောက္ခ ချုပ်၊ မြန် မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ်၊ တောင်သူများနှင့် အလှူရှင်အသင်းအဖွဲ့များအပြင် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံကြမည်ဖြစ်သည်။

ဗြိတိသျှသံအမတ်အနေဖြင့် ယင်း၏ခရီးစဉ်အတွင်း၌ မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးရာ အဓိကဒေသဖြစ် သည့် ဧရာဝတီတိုင်းသို့လည်း သွားရောက်မည်ဖြစ်သည်။

ယင်းက “ဗြိတိသျှစီးပွားရေးလုပ်ငန်းတွေက ဒီနိုင်ငံရဲ့လယ်ယာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ကို သေချာပေါက် စိတ်ဝင်စားကြပါတယ်။ ဗြိတိသျှကုမ္ပဏီတွေ မြန်မာမွေးမြူရေးပြပွဲမှာ ပါဝင်ပြသနေ တာတွေက သက်သေပါ။ ဗြိတိန်ရဲ့ ထုံးတမ်းစဉ်လာအရ အားသာမှုတွေဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေး သိပ္ပံပညာနဲ့ စိုက်ပျိုးရေးနည်းနာတွေက အဆင်းရဲဆုံးပြည်သူတွေနဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးမှုကို အကျိုးရှိ စေပြီး အရင်ကရှိခဲ့တဲ့ သူတို့ရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ရရှိစေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ဆိုသည်။

ဗြိတိန်သည် မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့မှုများပြုလုပ်ခဲ့သည့် EU အဖွဲ့ဝင် နိုင်ငံများအနက် ပြင်း ထန်စွာဆောင်ရွက်ခဲ့သည့် နိုင်ငံဖြစ်သော်လည်း ယင်း၏ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံတွင် အများ အပြားရှိနေကာ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံထားကြသည့် နိုင်ငံပေါင်း ၃၃ နိုင်ငံအနက် ကန် ဒေါ်လာ သုံးဘီလီယံကျော်ဖြင့် စတုတ္ထနေရာတွင် တရုတ်၊ ထိုင်းနှင့် ဟောင်ကောင်တို့၏နောက်တွင် ရပ် တည်လျက်ရှိသည်။

မြန်မာနိုင်ငံတွင်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI)ပမာဏ ကန်ဒေါ်လာ ၃၆ ဒသမ ၁၄၈ ဘီလီယံကျော် အနက် စိုက်ပျိုးရေးကဏ္ဍတွင် ၅၄၇ သန်းဖြင့် ၀ ဒသမ ၀၂ ရာခိုင်နှုန်းဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနည်းပါးဆုံးကဏ္ဍ ဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment