Saturday, May 18, 2013

ရခိုင်ပြည်နယ်တွင်းမှာရေယာဉ်တွေပြန်ထွက်ခွင့်ပေး

စစ်တွေ၊မေလ-၁၈ ရခိုင်ပြည်နယ်တွင်းမှာ မဟာစင်မုန်တိုင်းကြောင့်ရပ်နားထားရတဲ့ ခရီးသည်တင်၊ကုန် စည်တင်ရေယာဉ်နဲ့ရှပ်ပြေးသင်္ဘောတွေကို မေလ၊၁၇ ရက်နေ့မှာအစိုးရကထွက်ခွင့်ပြုလိုက်ပြီလို့ ရခိုင်ပြည် နယ်အစိုးရအဖွဲ့ထံကသိရပါတယ်။
“ကုန်စည်တွေကပုံနေလို့မျှပြီးသယ်နေရတယ်၊မြောက်ဦးမှာသင်္ဘောကို သုံးရက် လောက်တော့ရပ်ထားလိုက်ရတယ်၊အခုစစ်တွေမြောက်ဦးခရီးစဉ်တွေကို မေလ၁၈ရက်နေ့မှာပြန်ထွက်ပြီ”လို့ စစ်တွေ၊အောင်ကျော်မိုးသင်္ဘောဆိပ်၊ကြီးကြပ်ရေးမှူး ဦးသိန်းမြကပြောပါတယ်။
ရေကြောင်းခရီးစဉ်တွေပြန်ထွက်ခွင့် ရတယ်ဆိုရင်ပဲကုန်သည်တွေကသူ့ထက်ငါကုန် စည်တွေပို့ဆောင်နိုင်ဖို့ကြိုးပမ်းနေကြပါတယ်။အလားတူခရီးသည်တင်အမြန်ရှပ်ပြေးရေယာဉ်တွေလည်းပြန် ပြေးဆွဲခွင့်ရပြီဖြစ်တယ်လို့ ရွှေပြည်တန်ရှပ်ပြေးရေယာဉ်၊လက်ထောက်မန်နေဂျာ၊ဦးအောင်သန်းဦးကပြောပါ တယ်။နေ့စဉ်ပြေးဆွဲနေတဲ့ခရီးစဉ်တွေအပြင် ပုံမှန်ပြေးဆွဲနေတဲ့ခရီးစဉ်တွေအားလုံးကိုပြန်ဆွဲနေပြီဖြစ်တယ် လို့ ဆိုပါတယ်။
မဟာစင်မုန်တိုင်းသတိပေးချက်ကြောင့် ရခိုင်ပြည်နယ်တွင်းမှာရေကြောင်းခရီးစဉ် တွေအားလုံးကိုရေကြောင်းဦးစီးဌာနက ရပ်နားထားဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။မေလ၁၇ရက်နေ့မှာတော့မုန် တိုင်းသတိပေးချက်တွေက အဖြူရောင်အဆင့်(အန္တရာယ်မရှိတော့တဲ့သတ်မှတ်ချက်)ကိုရောက်ရှိပြီမို့အစိုးရ အဖွဲ့ကချက်ချင်ပြန်ဖွင့်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 comments:

Post a Comment