အစားအစာများတွင် ကောင်းကျိုးနှင့်ဆိုးကျိုးနှစ်မျိုး ဒွန်တွဲရှိနေသည့် အလျောက် ယခုတစ်ပတ်တွင် ကြက်အသည်းအမြစ်၏ အာဟာရကို ဖော်ပြလိုက်ရပါသည်။
(၁)ကြက်၊ ကြက်ဆင်အသည်းအမြစ်တွင် ၆၉ မှ ၇၁ mg ဆိုဒီယမ်ပါဝင်ပြီး ဆိုဒီယမ်ပါဝင်မှုနည်းပါးသည်။ ဆိုဒီယမ်ပါဝင်မှုနှုန်းများလျှင် သွေးတိုးနှလုံး ဖြစ်စေသည်။ သို့ဖြစ်၍ အဆင့်သင့်စား အစားအသောက် များဖြစ်သည့် ၀က်၊ကြက်အူချောင်း၊ ၀က်ပေါင်ခြောက်တို့ကဲ့သို့ ဥပါဒ်မများစေပါ။

(၂)သံဓာတ်အနေဖြင့် (2.5 mg ) ပါဝင်သည်။ သံဓာတ်ကမရှိမဖြစ် လိုအပ်သောသွေးနီဥများကို ဖြစ်စေသည်။ သံဓာတ်လိုအပ်ပါက အနီးမီးယားဖြစ်စေသည်။
(၃) ကြက်၊ကြက်ဆင်အသည်းအမြစ်တို့က ဇင့် (3mg )့နီးပါးပါဝင်သဖြင့် ကိုယ်အားစနစ်အတွက် ဖြည့်ဆည်းပေးနိုင်သည်။ Selenium ပါဝင်ပြီး ယင်းက အင်တီအောက်ဆီးဒင့်၏ ခွန်အားဖြစ်သည့်ဗီတာမင် C နှင့် E တို့ကို ခန္ဓာကိုယ်အား ပေးစွမ်းသည်။ အသည်းအမြစ် တွင် Choline လည်း ပါဝင်ပြီး နှလုံးအားကောင်းစေသည်
Myanmar News Media
0 comments:
Post a Comment