Monday, June 10, 2013

ဆိုင်ကယ်ဖြင့် ဈေး လိုက်လံ ရောင်းချသူ တစ်ဦး အား ကေအိုင်အေ အဖွဲ့မှ အကြောင်းမဲ့ သတ်ဖြတ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) မုံးကိုး၊ ကြူကုတ်၊ မုံးပေါ် ဒေသရှိ ဝိန်းဆိုင်ကျေးရွာ အုပ်စု၊ ဟူးကြီးရွာ၏ အနောက်ဘက် ချောင်း အနီး၌ ဇွန် ၈ ရက်က လက်နှစ်ဖက်၊ ခြေနှစ်ဖက်အား ကြိုးတုပ်ထားပြီး သစ်ပင်တွင် တွဲလောင်း ချည်ထားသည့် ယောက်ျား အလောင်း တစ်လောင်းအား ဦးခေါင်း အနောက်ဘက်ပိုင်းတွင် နှစ်လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဘယ်ရင်အုံ လက်နက်ငယ် ကျည်ဖောက် ထွက် ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေကြောင်း ကျေးရွာနေ တာဝန်ရှိ သူများမှ တွေ့ရှိခဲ့သည်။
အဆိုပါ သေဆုံးသူမှာ မူဆယ်- မုံးပေါ် လမ်းတစ်လျှောက်ရှိ ကျေးရွာများသို့ ဆိုင်ကယ်ဖြင့် ဈေးလိုက်လံ ရောင်းချသော စစ်ကိုင်းတိုင်း ဒေသကြီး၊ မြင်းမူမြို့နယ်မှ ဦးမင်းနိုင် (ဘ) ဦးသော်ဌေး ၅၂ နှစ်ဖြစ်ကြောင်း၊ သေဆုံးသူ၏ အလောင်းအနီးတွင် ဈေးရောင်းသည့် ဆိုင်ကယ်နှင့် ဈေးခြင်းတောင်းများ တွေ့ရှိရပြီး တပ်မတော် သတင်းပေးဟု ယူဆသဖြင့် ကေအိုင်အေ အဖွဲ့မှ သတ်ဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment