Monday, May 23, 2016

“နာယကဦးတေဇနှင့်အတူ မြန်မာတောင်တက် အဖွဲ့အား နီပေါ-မြန်မာ အသင်းမှ ဂုဏ်ပြုကြိုဆို"

ထူးဖောင်ဒေးရှင်း၏ နာယက ဦးတေဇနှင့်အတူ မေလ (၂၂)ရက်နေ့၊ နေ့လည်တွင် နီပေါနိုင်ငံ၊ ခတ်တမန်ဒူမြို့တော် သို့ ပြန်လည်ရောက်ရှိလာကြသည့် မြန်မာတောင်တက်အဖွဲ့ဝင် (၃)ဦးဖြစ်သော ကိုညီညီအောင်၊ ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကိုတို့အား နီပေါနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးလွင်ဦးနှင့်ဇနီး၊ နီပေါ-မြန်မာ ချစ်ကြည် ရေးအသင်းမှ တာဝန်ရှိသူများမှ ဂုဏ်ပြုကြိုဆိုခဲ့ကြပါသည်။

ညပိုင်းတွင် မြန်မာသံအမတ်ကြီးဦးလွင်ဦးနှင့်ဇနီး၊ သံရုံးဝန်ထမ်းများနှင့် နီပေါ-မြန်မာ ချစ်ကြည်ရေးအသင်းတို့က ဂုဏ်ပြုညစာ စားပွဲနှင့် တည်ခင်းဧည့်ခံခဲ့ပြီး မြန်မာ့ဂုဏ်ဆောင် တောင်တက်သမား(၃)ဦးအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပါသည်။ ထို့အပြင် အမှတ်တရ လက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံ၏အလံကို ကမ္ဘာ့အမြင့်ဆုံးတောင်ထွဋ်တွင် ဂုဏ်ယူဖွယ်ရာ စိုက်ထူနိုင်ခဲ့သော လူငယ်တောင်တက်သမား (၃)ဦးသည် လာမည့် မေလ (၂၅) ရက်နေ့ နံနက် ၈း၅၀ အချိန်တွင် TG 303 လေကြောင်းဖြင့်
ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ် ကြောင်း သိရှိရပါသည်
ပြန်လည်ရောက်ရှိပြီး (၂)ရက်အကြာ၊ မေလ (၂၇)ရက်နေ့တွင် ဧ၀ရတ်တောင်တက်ခရီးစဉ်အတွေ့အကြုံ သတင်းစာ ရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ဆက်လက်ဖော်ပြပေးသွားပါမည်။
Credit To >>> Htoo Foundation Group

0 comments:

Post a Comment