Thursday, December 26, 2013

သေဆုံးသူ ယောင်္ကျားရဲ့ အနားမှာ တစ်နှစ်နီးပါး ညတိုင်း အိပ်ခဲ့တဲ့ သံယောဇဉ် ကြီးမားလှသည့် ဇနီးသည်

ဘယ်လီဂျီယံ အဘွားအို တစ်ဦး ဟာ သေဆုံး နေပြီ ဖြစ် တဲ့ ခင်ပွန်း ဖြစ်သူရဲ့ ရုပ် အလောင်းဘေးမှာ တစ်နှစ် နီးပါး အတူ အိပ်စက်ခဲ့ တယ်လို့ သိရပါ တယ်။ သေဆုံးသွားသူက အသက် (၇၉)နှစ်ရှိ မာဆယ်ဖြစ်ပြီး ဘရပ်ဆဲလ်မြို့မှာ နေထိုင်တယ်လို့ သိရပါတယ်။ မာဆယ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ရင်ကျပ်ရောဂါနဲ့ သေ ဆုံးသွားခြင်းဖြစ်ပြီး သူ့ရဲ့ ဇနီးက အသက် ၆၉ နှစ် အရွယ်ရှိနေပြီဖြစ်ပါတယ်။

မာဆယ်ရဲ့ဇနီးဘယ်သူဖြစ်တယ်ဆိုတာ ကို ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။ 

မာဆယ် ရဲ့ဇနီးဟာ သေဆုံး သွားတဲ့ ခင်ပွန်းဘေးနားမှာ အနံ့အသက်ဆိုးတွေကို ရင်ဆိုင်ရင်း ခင်ပွန်း ဖြစ်သူ နဲ့အတူ အိပ်စက် ခဲ့ခြင်း ဖြစ်ပါ တယ်။ အိမ်ခန်း ပိုင်ရှင် တွေဟာ ၂၀၁၂ ကတည်းက အိမ်လခ ပေးချရခြင်း မရှိ သေး တာမို့ သွား ရောက် တောင်း ဆို ရာမှ သေဆုံးနေတဲ့ ရုပ်အ လောင်းကို တွေ့ခဲ့ရခြင်း ဖြစ် ပါတယ်။ မှုခင်း ဆေးပညာ ရှင် တစ်ဦးက ခန္ဓာကိုယ်တစ်ခုလုံး ဟာ မံမီရုပ် အလောင်း လိုမျိုး ဖြစ် နေပါ တယ်။ ရုပ် အလောင်းရဲ့ ၀န်းကျင်ဟာ ခြောက် သွေ့နေ တာမို့ ဒီလိုဖြစ်သွားရတာပါ။ လူတွေဟာ သေဆုံး ပြီဆိုရင် ပုပ်တဲ့အနံ့ တွေ ထွက် ပေါ်လာ စမြဲ ဖြစ် ပါတယ်။ ဒါကို အဘွားအိုက ခံနိုင် ရည်ရှိစွာနဲ့ သူ့ ယောက်ျားဘေးမှာ နေခဲ့ပါ တယ်။ ကျွန်တော် တို့ အနေနဲ့ ဒီလိုဖြစ် စဉ်မျိုး အရင်ကလည်း ကြုံခဲ့ဖူးပါတယ် လို့ ပြော သွားခဲ့ပါတယ်။

Trend Myan; 

0 comments:

Post a Comment