Tuesday, December 17, 2013

ဥရောပသမဂ္ဂ၏ ဆွေးနွေးပွဲများ ရပ်တန့်ကြောင်း ကြေညာခဲ့ပြီးနောက် ယူကရိန်းပြည်သူ ၃ဝဝ,ဝဝဝ ခန့် စုရုံး ဆန္ဒပြ


ယူကရိန်း အစိုးရ၏ ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆက်လက် ဆောင်ရွက်နေခြင်းကြောင့် ဥရောပ သမဂ္ဂသည် ယူကရိန်းနှင့် မိတ်ဖက် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုများကို ဆိုင်းငံ့ကြောင်း ကြေညာခဲ့ ပြီးနောက် ယူကရိန်း ပြည်သူ ၃ဝဝ,ဝဝဝ ခန့်သည် ဒီဇင်ဘာ ၁၅ ရက်က အနောက်အုပ်စုနှင့် နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ရေး တောင်းဆို ဆန္ဒပြမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

သမ္မတ ဗစ်တာယာနူကိုဗစ် အနေဖြင့် ဥရောပသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို စွန့်လွှတ်ပြီး ရုရှားနိုင်ငံနှင့် နီးနီးကပ်ကပ် ဆက်ဆံရေး ကြိုးပမ်းရန် နိုဝင်ဘာလ အတွင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့် အချိန်မှစ၍ ယူကရိန်းနိုင်ငံတွင် ပဋိပက္ခများ ပေါ်ပေါက် ခဲ့ရသည်။ ဥရောပသမဂ္ဂ အနေဖြင့် ယာနူကိုဗစ်ထံမှ ရှင်းလင်းသည့် ကတိပြုချက် ရရှိသည့် အချိန်အထိ ယူကရိန်းနှင့် ပြုလုပ်နေသော ဆွေးနွေးမှု အားလုံးကို ရပ်တန့်ကြောင်း ဥရောပသမဂ္ဂ ချဲ့ထွင်ရေးဆိုင်ရာ မဟာမင်းကြီး Stefan Fuele က ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ယာနူကိုဗစ်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးရေး အတွက် ဒီဇင်ဘာ ၁၇ ရက်တွင် ရုရှားနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားကြောင်းနှင့် ယူကရိန်း ဆန္ဒပြသမားများသည် ထိုနေ့တွင် နောက်ထပ် ကြီးမားသော စုရုံး ဆန္ဒပြမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment