Tuesday, December 17, 2013

ကျောင်းသား ၂၃ ဦးအား ဓားဖြင့် တိုက်ခိုက်ခဲ့သော တရုတ် အမျိုးသားကို သေဒဏ်ချမှတ်

ပေကျင်း ဒီဇင်ဘာ ၁၆
တရုတ်နိုင်ငံတွင် လွန်ခဲ့သောနှစ်က မူလတန်း ကျောင်းသား ၂၃ ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ဓားဖြင့် တိုက်ခိုက်ခဲ့သော မင်ယွမ်ဂျင် အမည်ရှိ အမျိုးသားကို တရုတ်နိုင်ငံ အလယ်ပိုင်း ရှင်းယန်မြို့ရှိ ခရိုင် တရားရုံး တစ်ခုက ဒီဇင်ဘာ ၁၃ ရက်တွင် သေဒဏ် ချမှတ်လိုက်ကြောင်း ဆင်ဟွာ သတင်းအေဂျင်စီက ထုတ်ပြန် ကြေညာခဲ့သည်။ အသက် ၃၆ နှစ် အရွယ်ရှိ မင်သည် လွန်ခဲ့သောနှစ် ဒီဇင်ဘာ ၁၄ ရက်က ဟေနန်ပြည်နယ် ကွမ်ရှန်းခရိုင်ရှိ အမျိုးသမီး တစ်ဦးကို ဓားဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် မူလတန်းကျောင်းမှ ကျောင်းသား ၂၃ ဦးအား ဆက်လက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။
၎င်း၏ တိုက်ခိုက်မှုကြောင့် ကျောင်းသားများ သေဆုံးခြင်း မရှိခဲ့သော်လည်း အဆိုပါ ဖြစ်ရပ်သည် ကျောင်းသားငယ်များနှင့် ၎င်းတို့၏ မိသားစုဝင်များ အတွက် အလွန် နာကျင်စေခဲ့သည်ဟု တရားရုံးက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။
မြ၀တီ 

0 comments:

Post a Comment