Wednesday, December 11, 2013

ဗိုဗီနမ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်များ ဆွတ်ခူးပေးရန် အသင့်ဖြစ်နေ

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် ဗီယက်နမ် ရိုးရာ အားကစားနည်း တစ်ခုဖြစ်သည့် Vovinam အားကစားနည်းကို ဒီဇင်ဘာ ၁၈ ရက်မှ စတင်ကာ ၂၁ ရက် အထိ နေပြည်တော် ဇေယျာသီရိ အားကစားရုံ (အေ) တွင် ကျင်းပမည်ဖြစ်သည်။
ဆီးဂိမ်း ပြိုင်ပွဲတွင် အတိုက် (အမျိုးသား) သုံးတန်း၊ (အမျိုးသမီး) သုံးတန်းနှင့် ခြောက်တန်း တစ်ကိုယ် တော် အပြပြိုင်ပွဲ ကျား (၂) မျိုး၊ မ (၂) မျိုး၊ နှစ်ယောက်တွဲ ကျား (၁)မျိုး ၊ မ (၂)မျိုး ၊ အသင်းလိုက် အပြ ပြိုင်ပွဲ ကျား(၂)မျိုး ၊ ကျား-မ အတွဲ (၃) မျိုး စုစုပေါင်း (၁၂) မျိုး ဖြစ်ပြီး ပြိုင်ပွဲ အမျိုးအစား စုစုပေါင်း (၁၈) မျိုး အထိ ထည့်သွင်းကျင်းပ မည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲတွင် ပြည်ပဒိုင် ၁၆ ဦး၊ ပြည်တွင်းဒိုင် ငါးဦးဖြင့် ကြီးကြပ် ကျင်းပသွားမည် ဖြစ်ပြီး မြန်မာဗိုဗီ နမ်အသင်းမှာ အားကစားသမား ပေါင်း ၃၄ ဦးဖြင့် ပြိုင်ပွဲအမျိုးအစား (၁၈) မျိုးလုံးတွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။
မြန်မာဗိုဗီနမ် အသင်းမှာ သက်တမ်း နုသော်လည်း ပွဲကြိုပြိုင်ပွဲ (၂) ပွဲ ယှဉ်ပြိုင်ရာတွင် စုစုပေါင်း ရွှေ (၈)ခု၊ ငွေ (၁၂)ခု၊ ကြေး (၁၉) ခုကို ရယူနိုင်ခဲ့ပြီး ယခု ဆီးဂိမ်း ပြိုင်ပွဲတွင်လည်း ရွှေရရှိနိုင်ရန် အဆင်သင့် အနေအထားသို့ ရောက်ရှိ နေပြီဖြစ်သည်။
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှု ရရှိစေရန်အတွက် အပြည် ပြည်ဆိုင်ရာ ဗိုဗီနမ် ပြိုင်ပွဲအဖြစ် ဆီးဂိမ်းအကြို ဗိုဗီနမ်ပြိုင်ပွဲကို နေပြည်တော်တွင် သြဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိ လက်ခံကျင်းပရာ အိမ်ရှင်မြန်မာ (က)(ခ)၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ လာအို နိုင်ငံတို့ ပါဝင် ယှဉ် ပြိုင်ခဲ့ပြီး ရွှေ (၆)၊ ငွေ (၆)၊ ကြေး (၉)ခု ရရှိပြီး ဆီးဂိမ်းအကြို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အားက စားနည်းများ အနက် ပထမဦးဆုံး နိုင်ငံအလိုက် ပထမ နေရာ ရရှိခဲ့သည့် အားကစားနည်း အဖြစ် ရပ် တည်နိုင်ခဲ့သည်။
Vovinam အားကစားနည်းအား ဆီးဂိမ်း ပြိုင်ပွဲများတွင် ၂ဝ၁၁ ခုနှစ်တွင် ကျင်းပသည့် (၂၆) ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် စတင်ကာ ထည့်သွင်း ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် နိုင်ရန်အတွက် အဆိုပါ ကစားနည်းအား မြန်မာအသင်း အနေဖြင့် (၂၆) ကြိမ် ပြိုင်ပွဲအပြီး ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှ စတင် လေ့ လာခဲ့သည်။
မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘောဒီးယား နိုင်ငံတွင် ၂ဝ၁၃ ခုနှစ် ကျင်းပသည့် ဒုတိယ အကြိမ်မြောက် အ ရှေ့တောင်အာရှ ဗိုဗီနမ် ချန်ပီယံ ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား (၂ဝ) မျိုးတွင် မြန်မာအသင်းက ပြိုင်ပွဲ အမျိုးအစား (၁၈)မျိုး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရွှေ (၂)၊ ငွေ (၆)၊ ကြေး (၁ဝ)ခု ဆွတ်ခူးခဲ့ပြီး ပွဲဦးထွက် အောင်ပွဲဆင် နိုင်ခဲ့သည်။
ဗိုဗီနမ် အားကစားကို မြန်မာအသင်း အနေဖြင့် အချိန်တိုအတွင်း အသားကျကျ လေ့ကျင့် ယှဉ်ပြိုင်နိုင် ခြင်းမှာ မြန်မာသိုင်း အားကစားနှင့် ကစားနည်း အမျိုးအစား၊ အချိုး၊ အကျ၊ ရာနှုန်းပြည့်နီးပါး တူညီမှု များကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်မှ သိရသည်။

0 comments:

Post a Comment