ရောဘတ်ကွတ်(Robert Kuok) လို့အမည်ရတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး ပိုင်ဆိုင် ငွေကြေး အမေရိကန်ဒေါ်လာ ၁၇ ဘီလျံအထက်မှာရှိပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အဆင့်လေးဆယ်ကျော်မှာရှိတယ်လို့လည်း Bloomberg မှ စာရင်းကောက် ဖော်ပြပါတယ်။ Forbes မဂ္ဂဇင်းကတော့ ကမ္ဘာ့အဆင့် ၇၀ ကျော်နေရာမှာ ထားရှိဖော်ပြ ပါတယ်။
အသက်
၉၀ ကို ယခု ၂၀၁၃ အောက်တိုဘာမှာ ပြည့်မှာ ဖြစ်ပါတယ်။ မလေးရှားတို့
လွတ်လပ်ရေး မရခင်ကတည်းက စီးပွားရေးလုပ်ငန်းမှာ အခြေချလာသူဖြစ်ပြီး
ဂျပန်မစ်ဆူဘီရှီမှာလည်း ဝန်ထမ်း အဖြစ် လုပ်ကိုင် ခဲ့ဖူးပါတယ်။
စိုက်ပျိုးရေးကိုအခြေခံပြီး
ချမ်းသာကြွယ်ဝသွားသူ ဖြစ်ပါတယ်။ ၁၉၉၀ ကျော် ကာလက ကမ္ဘာ့ သကြား သူဌေးအဖြစ်
စံချိန်တင်လူသိများခဲ့ပြီး ယခုချိန်မှာတော့ သူပိုင်တဲ့စီးပွားရေးလုပ်ငန်းဟာ
နယ်ပယ်ပေါင်းစုံမှာ ရှိနေပြီ ဖြစ် ပါတယ်။
မလေးရှား၊ ဒူဘိုင်း၊
ဟောင်ကောင်၊ ရှန်ဟိုင်း၊ ပဲရစ်၊ နဲ့ အခြား အာရှ၊ အမေရိက၊
ဥရောပနိုင်ငံကြီး များမှာ ဟိုတယ်ပေါင်း ၇၀ ကျော် ပိုင်ဆိုင်ပါတယ်။
သတ္တုတွင်း၊ ရေနံ၊ စိုက်ပျိုးရေး၊ စတော့ရှယ်ယာ၊ ပို့ကုန်၊ သွင်းကုန်၊
ဝန်ဆောင်မှု၊ ပို့ဆောင်ရေး အစရှိသဖြင့် နယ်ပယ်ပေါင်းစုံမှာ လုပ်ငန်းများစွာ
ပိုင်ဆိုင်ထားပြီး သားသမီး ၈ ယောက်နဲ့ ဆက်လက် လုပ်ကိုင် နေပါတယ်။
ဟောင်ကောင်နိုင်ငံ
ပြုပြင်ပြောင်းလဲရေး ပြုလုပ်စဉ်က နိုင်ငံရေးနဲ့  စီးပွားရေး
အကြံပေးအဖြစ်လည်း အခန့်အပ်ခံခဲ့ဖူးတာမို့ နိုင်ငံရေးမှာလည်း သြဇာရှိသူ
တစ်ဦးအဖြစ် အမည်တွင်စေခဲ့ပါသေးတယ။် နေ့ မှာတော့ ရောဘတ်ကွတ် ကတော့
ဟောင်ကောင်မြို့  မှာ နေထိုင်လျက် ရှိကြောင်း သိရပါတယ်။
Ref: wiki
Yoyarlay
0 comments:
Post a Comment