ရခိုင်ပြည်နယ်တွင် ဖော်ဆောင်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက်
ရင်းနှီးမြုပ်နှံသူများ ခေါ် ယူရာတွင် လိုက်နာရမည့် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွန်းများကို
ရေးဆွဲရန်အတွက်နိုင်ငံတကာ အကြံပေးအဖွဲ့တစ်ခုကို
ရွေးချယ်သွားမည်ဟုစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးမြင့်သိန်းက ပြောသည်။
" ဒီစီမံကိန်းက အစိုးရအချင်းချင်းလုပ်မဲ့ စီမံကိန်း မဟုတ်ဘူး ဒီတော့
ရင်းနှီးမြုပ်နှံသူတွေကို တင်ဒါခေါ်တဲ့အခါ နိုင်ငံတကာစံညွန်းအတိုင်းဖြစ်အောင်Terms of conditionတွေ terms of reference တွေကို
ရေးဆွဲဖို့အတွက်အတွေ့အကြုံရှိတဲ့ နိုင်ငံတကာ အကြံပေးအဖွဲ့ကို အရင်ရွေးရ မယ် "
ဟု ၄င်းကပြောသည် ။
အပြည်ပြည်ဆိုင်ရာ အကြံပေးအဖွဲ့အတွက် တင်ဒါကို
စက်တင်ဘာလ ၂၃ရက်နေ့တွင် စတင်လက်ခံ သွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့တွင်
တင်ဒါအောင်အဖွဲ့ကို ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည် ။
ထို့နောက်
ကျော်ဖြူအထူးစီးပွားရေးဇုန်အတွက် ရင်းနှီးမြုပ်နှံမှု တင်ဒါကို ၂၀၁၃
ဒီဇင်ဘာလတွင် ခေါ်ယူ ကာ ၂၀၁၄ မတ်လတွင် တင်ဒါအောင် ကုမ္ပဏီအား
ထုတ်ပြန်ကြေညာမည် ဖြစ်သည် ။
၂၀၁၄ ဧပြီလမှာ စီမံကိန်း
စတင်အကောင်အထည်ဖေါ်မယ်ဟုဘဏ္ဏာရေး ဒုဝန်ကြီး ကျောက်ဖြူ အထူး စီးပွားရေးဇုန်အကြံပေးအဖွဲ့ ဒု ဥက္ကဌ ဦးမောင်မောင်သိမ်းက ပြောသည် ။
KYL(Popular Myanmar News Journal)
0 comments:
Post a Comment