Monday, September 9, 2013

ကလေးဆန်တဲ့ အပျိုဖြန်း ကာရိုက်တာတွေ မရိုက်ချင်တော့ဘူးဆိုတဲ့ သက်မွန်မြင့်

ဒါရိုက်တာညွန့်မြန်မာညီညီ အောင်ရိုက်ကူးနေတဲ့ ‘ကြင်ယာတော် ခခလေး’ လို့ ယာယီနံမည်ပေးထားတဲ့ ဇာတ်ကားကို သက်မွန်မြင့်က မြင့်မြတ်နဲ့အတူ ရိုက်ကူးနေပါ တယ်။ ဒီဇာတ်ကားထဲမှာ သက်မွန်မြင့်က ကျူတာဆရာမအဖြစ် ပါဝင်သရုပ် ဆောင်ထားပါတယ်။

သက်မွန်မြင့်က အခုနောက်ပိုင်း မှာ ရိုက်ကူးမှုနဲ့ပတ်သက်ပြီး တည် ငြိမ်တဲ့ ဇာတ်ရုပ်မျိုးတွေကို ပိုပြီးရိုက် ချင်လာ တယ်လို့ ဆိုပါတယ်။ “သက်မွန်က အချိန်ရတယ်ဆို ရင်တော့ ကိုယ့်ရိုက်နေကျပုံစံနဲ့ကွဲတဲ့ ဇာတ်မျိုးလေး တွေကိုရွေးတယ်။ ဒီဇာတ်ကားလေးဆိုလည်း ရှေ့မှာ ဟာသလေး။ ပြီးတော့ ဆယ်ကျော် သက်အရွယ်လေးဖြစ်နေ တယ်။ နောက်ပိုင်းကိုယ်က ဘယ်လိုဖြစ်နေ လဲဆိုတော့ အသက်အရွယ်နဲ့လည်း ဆိုင်မှာပေါ့။ ငြိမ်တဲ့ဇာတ်ရုပ်မျိုးကို ရိုက် ချင်လာတယ်။ ဆယ်ကျော်သက် ကလေးတစ်ေ ယာက်လိုတွေး တဲ့ ကောင် မလေးမျိုးဆိုရင် သိပ်ပြီးမရိုက်ချင်တော့ဘူး။ ကိုယ့်အရွယ်နဲ့ နည်း နည်းကိုက် ညီမယ့် ဇာတ်လေး ရိုက်ဖြစ်တယ်။ သက်မွန်က အသက်အရွယ်နဲ့ ကန့်သတ်ပြီးရိုက်တာမျိုးတော့ မဟုတ်ဘူး ကျောင်းသူ ဇာတ်ရုပ်ရိုက် ဆိုလည်း ရိုက်လို့ရတယ်။ ကိုယ့်ရဲ့ အသက်ကတော့ကြီးနေမှာပဲ ဒါပေမဲ့ ကိုယ့်ရဲ့မျက်နှာက တစ်ခု ကံကောင်းသွားတာက ကလေး မျက်နှာဘက်ကို သွားတယ်။ နောက်ပြီး အသံကလည်း ကလေးဆန်တဲ့ဘက်ကိုသွားတော့ အဲဒါလေးကတော့ ကံကောင်းတော့ ကျောင်းသူ ဇာတ်ရုပ်မျိုးတော့ ရိုက် လို့ရသေးတယ်။ ဒါပေမဲ့ ကိုယ်ကစပြီး အနုပညာ လုပ်တုန်းကလိုမျိုး တအား ကလေးဆန်လွန်းတဲ့ဇာတ်ရုပ် မျိုးဆိုရင်တော့ မရိုက်ချင်တော့ဘူး။ တွေးတတ် တဲ့ကောင်မ လေးပုံစံ မျိုးလေးတွေဆိုရင်တော့ ရိုက်ချင်တယ်။ တအား ကလေးဆန်တဲ့ပုံစံမျိုးဆိုရင်ကိုယ်လည်း ရိုက် ရမှာ ရှက်လာတယ်” လို့ ပြောပါတယ်။

သက်မွန်မြင့်က ဇာတ်ကားတွေ ကို ဆက်တိုက်ရိုက်နေပြီး ဇာတ်ကား ထွက်လာရင်လည်း ပရိသတ်တွေ က စောင့်ကြည့်အားပေးကြပါဦးလို့ ပြော ပါတယ်။ “ကိုယ့်ကမင်း သမီးဖြစ်နေတဲ့ အခါကျတော့ Control မရှိဘူး။ ဥပမာမင်းသားဆိုလို့ရှိရင် ဒီ တစ်ပတ်မှာ ဒီမင်းသားနှစ်ကားပဲ ထွက်ရမယ်ဆို နှစ်ကားပဲထွက် တယ်။ သူ့မီဒီယာနဲ့ သူသွားတယ်။ သူအချိန်နဲ့သူသွားတယ်။ ကိုယ်မှာကျ တော့ အဲဒီလိုမျိုးမရှိဘူး။ ဒီမင်းသားနဲ့ပဲ သွားတဲ့အခါကျတော့ ဒီမင်းသား နဲ့လည်း ကိုယ့်ကားပါတယ်။ ဟိုမင်း သားနဲ့လည်း ကိုယ်က ရိုက်ထားတဲ့ ကားထွက်မယ် ဆိုလို့ရှိရင် ထွက် လိုက်တာပဲဆိုတော့ ကိုယ့်ရဲ့ ဇာတ် ကားက မထွက်ရင် မထွက်ဘူး ထွက်လိုက်ပြီဆိုရင်လည်း ဆက်တိုက်သုံး လေးခွေထွက်လာတာ မျိုးတွေလည်း ရှိတယ်။ အဲဒီတော့ ကိုယ့်ရဲ့ဇာတ် ကားလေးတွေကိုအားပေးပြီး ကြည့် တဲ့ ပရိသတ်တွေကိုလည်း စောင့် ပြီး ကြည့်ပေးစေချင်ပါ တယ်။ ဘာဖြစ်လို့လဲဆို တော့ ဒီက ဈေးကွက် တွေကိုလည်း ကိုယ်က Control လုပ်လို့မရ ဘူးလေ။ သက်မွန်ရဲ့ ဇာတ်ကားလေးတွေ ကို စောင့်ကြည့်အား ပေးကြပါ” လို့ပြောချင် တယ်။

လွင်လွင်ထွန်း

0 comments:

Post a Comment