
မြန်မာနိုင်ငံ၏အနာဂတ်ကာလ
စီးပွားရေးဖွံ့ဖြိုးမှုမှာ မြန်မာနိုင်ငံအတွင်းရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ပေါ်တွင်မူတည်နေကြောင်း
စီးပွားရေးလုပ်ငန်းရှင်များကသုံးသပ် ပြောကြားခဲ့ သည်။
မြန်မာနိုင်ငံ
အတွင်းရှိ စီးပွားရေး လုပ်ငန်းများ အနက် ၉ဝ ရာခိုင်နှုန်းသော စီးပွားရေး
လုပ်ငန်းများမှာ အသေးစား နှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ
ဖြစ်သောကြောင့် ယင်းအသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ
ဖွံ့ဖြိုး တိုးတက်မှသာ တိုင်းပြည် တိုးတက်မည်ဟု မန္တလေးတိုင်း ဒေသကြီး
အစိုးရ အဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည်
စီးပွားရေး အနေဖြင့် ၂ဝ၁၅ ခုနှစ်မှစတင်၍ အာဆီယံ နိုင်ငံများအတွင်း
လွတ်လပ်စွာ ကုန်စည်ကူးသန်း ရောင်းဝယ်နိုင်မည် ဖြစ်သဖြင့် မြန်မာနိုင်ငံ
အတွင်းရှိ အကြီးစား စီးပွားရေး လုပ်ငန်း များနှင့် အသေးစား၊ အလတ်စား
စီးပွားရေး လုပ်ငန်းများ အနေဖြင့် စိန်ခေါ်မှုများ ကြုံတွေ့လာမည်ဖြစ် သည်။
ထို့ကြောင့် အခြေခံ ခိုင်မာပြီး ဖွံ့ဖြိုးသော စီးပွားရေး လုပ်ငန်းများ
အဖြစ် ရပ်တည်နိုင်ရန် အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ် ထားရန်
လိုအပ်နေပြီ ဖြစ်ကြောင်း ၎င်းက တိုက်တွန်း ပြောကြားခဲ့သည်။
နိုင်ငံအတွင်းရှိ
စီးပွားရေးလုပ်ငန်းများအနေဖြင့် လုပ်ငန်းဖွံ့ဖြိုးရေးအတွက်
လုပ်ဆောင်ရာတွင် ဘဏ် များမှ ချေးငွေ ရယူနိုင်၍ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်
အနေဖြင့် အဆိုပါ ဘဏ်များ ကို ကူညီပေးရန် လိုအပ်ပြီး ယင်းသို့ အသေးစားနှင့်
အလတ်စား စီးပွားရေး လုပ်ငန်းများကို ငွေကြေးနှင့် နည်းပညာ ပိုင်းများ
အကူအညီပေးရန် အတွက် စိတ်ဝင်စားပြီး ပြည်ပက လာရောက် လေ့လာမှုများ ရှိကြောင်း
အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ
အကြီးတန်းအကြံပေး ဦးစံသိန်း က ရှင်းပြခဲ့သည်။
''အသေးစားနဲ့
အလတ်စားလုပ်ငန်း တွေအနေနဲ့ ဘဏ်ကနေ ငွေချေးလို့ ရပါတယ်။ စက်မှု လက်မှုဘဏ်
ဆိုရင်အရင် နှစ်ကလုပ်ငန်း ၂၅ ခုအတွက် သန်း ၅ဝ ချေးထားတယ်။ ဒီနှစ်အတွက် လည်း
စီးပွားရေး လုပ်ငန်းရှင် ၃၈ ဦးကို သန်း ၅ဝ ချေးထားတယ်။ အဲဒီလိုဘဏ်တွေကို
ကူညီဖို့ အတွက် လာလေ့လာ တဲ့ နိုင်ငံ တွေရှိတယ်။ သူတို့က စနစ်ကျတဲ့
ဘဏ်တွေကိုပဲ ကူညီချင်ကြတာ ဆိုတော့ ဘဏ်တွေကလည်း စနစ်ကျဖို့ လိုသလို
ဗဟိုဘဏ်ကလည်း ဘဏ်သုံး၊ လေးခု လောက်ကို သေချာ ရွေးချယ်ပြီး ပြည်ပက အကူအညီကို
တစ်ဆင့်ခံ ပံ့ပိုးပေးဖို့ လိုပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အသေးစားနှင့်
အလတ်စား စီးပွားရေးလုပ်ငန်းများကို ချေးငွေထုတ်ပေးမည့် ဘဏ်များအား
ငွေကြေး ပိုင်းဆိုင်ရာ အကူအညီ ပေးနိုင်ရန် လာရောက် လေ့လာမှုများ
ပြုလုပ်ထားသည့် အတွက် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ချေးငွေလက်ခံရယူပြီး အဆိုပါဘဏ်မှ ပုဂ္ဂလိကဘဏ်များကို အတိုးနှုန်း ၈ ဒသမ ၂၅
ရာခိုင်နှုန်းဖြင့် ပေးရမည် ဖြစ်ပြီး ပုဂ္ဂလိက ဘဏ်များမှ လုပ်ငန်းရှင်
များအား ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ပြန်လည်၍ ချေးငွေပေးရမည်ဖြစ် ကြောင်း
၎င်းကရှင်းလင်း ပြောကြားခဲ့ သည်။
မြ၀တီ
0 comments:
Post a Comment