
ယုဇနပလာဇာမှာ ညညဆို သရဲအရမ်းခြောက်နေတာတဲ့။ ဈေးလုံခြုံရေးတွေ လုံးဝအိပ်လို့မရအောင် ခြောက်နေတာတဲ့။ နောက်ဆုံးဆရာတော်ကြီးများပင့်ပြီး အသံမဆဲပဋ္ဌာန်းပွဲ ကျင်းပပါတယ်။ (၅)ရက် တိုင်တိုင်ပါ။ ဒီနေ့မှာတော့ ပဋ္ဌာန်းပွဲ အောင်မြင်စွာနဲ့ပြီးဆုံးပါတယ်။
ဇတ်လမ်းက ဒီမှာစတော့တာ ပဋ္ဌာန်းပွဲအပြီးရေစက်ချ အမျှဝေနေတုန်း တရားနာနေတဲ့ ရှေ့ဆုံးက အမျိုးသမီးကြီးဟာ ယိမ်းထိုးသွားပြီး အားးးးးးး အားးးးးးးး လို့အော်လိုက်တဲ့အသံကြီးဟာ ကျယ်လွန်းအားကြီးလို့ မိုက်ကလိုဖုန်းကနေတဆင့် ဈေးတစ်ဈေးလုံးကြားလိုက်ရတယ်။
အမျိုးသမီးကြီးဟာ ယိမ်းယိမ်းယိုင်ယိုင်နဲ့ မျက်နှာအောက်ငုံပြီး ဖင်တရွတ် တိုက်ဆွဲပြီး အပြင် ထွက်တဲ့ အပေါက်ဝဘက်ကို တရွေ့ရွေ့သွားတယ်။ တရားဟောနေတဲ့ ဆရာတော်က နင်ဘယ်သူ တုန်း၊ ဒီဘက်ကိုလှည့်စမ်းဆိုလည်း မျက်နှာကိုလုံးဝမပြတော့ဘူးတဲ့၊ အပေါက်ဝဘက်ကိုဘဲ သွား ဖို့ကြိုးစားနေတယ်တဲ့။ ဆရာတော်က အသံမာမာနဲ့ ဟိန်းဟောက်ပြောတော့မှ ဆရာတော် ဘက်ကို လည့်လာတယ်တဲ့။ မျက်နှာကိုတော့ လုံးဝမပြဘူးတဲ့။ဆရာတော်က နင်ဘယ်သူ တုန်း၊ နင် ဘာဖြစ်နေတာတုန်းလို့မေးတော့မှ ဘလုံးဗထွေးလေသံနဲ့ ဈေးမှာနေတဲ့ သူရဲမပါ။ သူတို့ မှာနေ စရာမရှိလို့နေစရာပေးပါ။ ဒီဈေးမှာ သူတို့ခြောက်ယောက်ရှိတယ်။ သူတို့ကိုအုပ်ချုပ်တဲ့ သူရဲကြီးက နေစရာမပေးလို့သွားစရာမရှိပါဘူး။ နေစရာပေးပါ၊ လူတွေကို ဘာမှမလုပ်ပါဘူး လို့ပြော တယ်တဲ့၊ ဆရာတော်က ဒါဆို အပေါ်ဆုံးထပ်ခုနှစ်လွှာမှာနေဆိုပြီး နေရာပေးလိုက်တယ်တဲ့။ ခုနှစ်လွှာ ကတော့ လူမနေပါဘူး၊ ပစ္စည်းတွေထားတဲ့ ဂိုတောင်တွေဘဲရှိတာပါ။ ကြားရတာတမျိုးကြီးဘဲဗျာ ဒီခေတ်ကြီးထဲမှာ ဒီလိုတွေရှိနေတယ်ဆိုတာ မယုံချင်ပေမယ့် အခုအဖြစ် အပျက်ကြီးက ဒီနေ့ ဒါကယ်ဖြစ်တာဆိုတော့ ဘာပြောရမယ်မှန်းတောင် မသိတော့ဘူး......။
From: kyaw Swarwin
mmdailystar
0 comments:
Post a Comment