![]() |
| (ညောင်ဦးမြို့နယ် အရှေ့ဆယ်လံကျွန်းရွာမှ သက်ကြီးရွယ်အို များအား ရွေ့ပြောင်းနေစဉ်) |
ညောင်ဦးမြို့နယ်၊
ဧရာဝတီမြစ် အတွင်းရှိ အရှေ့ဆယ်လံကျွန်းရွာတွင် ဧရာဝတီမြစ်ရေ ၀င်ရောက် ကာ
ကမ်းပါးပြိုနေသည့်အတွက် ပြောင်းရွှေ့ကယ်ဆယ်ရေးကို
မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဦးဆောင် ကာ လူမှုရေးအသင်းအဖွဲ့များက စက်တင်ဘာ
၁၃ ရက် နံနက် ၁၁ နာရီတွင် သွားရောက်ဆောင် ရွက်ခဲ့ရကြောင်း သတင်းရရှိသည်။
"ရေ၀င်တာက အတော်မြန်တယ်။ တချို့က ပေကပ်ပြီး မလိုက်ချင်ကြဘူး။ အန္တရာယ်များလို့ မနည်း လိုက်ဖို့ ပြောနေရတယ်" ဟု ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသော ရဲအရာရှိတစ်ဦးက ပြောကြား သည်။
ဆယ်လံကျွန်းရွာသည် အိမ်ခြေ ၂၂၈၊ အိမ်ထောင်စုပေါင်း ၂၄၇ စု၊ လူဦးရေ ၁၁၀၀၊ နွားကောင်ရေ ၃၀၀၊ မြင်းငါးကောင်၊ ၀က်ကောင်ရေ ၂၀ နှင့် ကြက်၊ ဘဲများရှိကြောင်း၊ စက်လှေများ၊ ဇက်များဖြင့် သွားရောက် ကယ်ဆယ်ရေး ဆောင်ရွက်ကာ ညောင်ဦးဘက်ကမ်းရှိ နတ်ထောင့်ကျောင်းနှင့် အနီးတစ်ဝိုက် ဘုန်းတော်ကြီးကျောင်းများတွင် ယာယီနေထိုင်နိုင်ရေး စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဧရာဝတီ မြစ်ရေသည် ညောင်ဦးမြို့တွင် စက်တင်ဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီ တိုင်းထွာချက်များအရ ၂၁၄၅ စင်တီမီတာသို့ ရောက်ရှိကာ စိုးရိမ်ရေမှတ် ကျော်လွန်နေ ပြီဖြစ်ကြောင်း၊ ညောင်ဦးမြို့၏ စိုးရိမ်ရေမှတ်မှာ ၂၁၂၀ စင်တီမီတာဖြစ်ကြောင်း သိရသည်။
Eleven Media Group

0 comments:
Post a Comment