
ရီးယဲလ်မက်ဒရစ် အသင်းတွင် ဂါရတ်သ်ဘေးလ်အနေဖြင့် တိုက်စစ်မှူးနေရာကို တာဝန်ယူရဖွယ် ရှိနေကြောင်း အသင်း၏ လက်ထောက်နည်းပြ ပေါလ်ကလီးမန့်က အရိပ်အမြွက် ပြောကြားလိုက်သည်။
အသက်(၂၄)နှစ်ရှိ ကစားသမားကို အသုံးပြုနိုင်ခြေနှင့် ပတ်သက်ပြီး BBCက ကလီးမန့်ကို မေးမြန်းရာ ၎င်းက "ဘေးလ်ဟာ ဂိုးသွင်းနိုင်တဲ့ ပါရမီမျိုးရှိတယ်။ အသင်းဖော်တွေ ဂိုးသွင်းနိုင်ဖို့ ဖန် တီးပေး တဲ့ စွမ်းရည်လည်း မြင့်တယ်။ နောက်ပိုင်းမှာ သူဟာဗဟိုကို ပိုပြီးချဉ်းကပ် ကစားလာတာ သတိထား မိပါတယ်။ ဘေးလ်က စွယ်စုံရတဲ့ ကစားသမားပါ။ ကျွန်တော်တို့ လိုလားတဲ့ နေရာမှာ သူကစားနိုင် ပါလိမ့်မယ်"ဟု ဖြေကြားခဲ့သည်။ ၎င်းက ဆက်လက်၍ "နည်းပြ ကာလိုအန်ဆလော့တီ မှာ ဘေးလ်အတွက် ရှင်းလင်းတဲ့ စိတ်ကူးတစ်ခုတော့ ရှိပြီးသားပါ။ ကျွန်တော်တို့မှာ စိတ်လှုပ်ရှားစရာ ကစား သမားကောင်းတွေ ပိုင်ဆိုင်ထားပါပြီ။ ဘန်ဇီးမားမှာ သိပ်ကိုထင်ရှားတဲ့အရည် အသွေးကောင်းတွေရှိပါတယ်။ အစ္စကိုက ကွင်းလယ်လူ ဆိုပေမယ့်(၃)ဂိုးသွင်းထားပြီးပြီ။ သူတို့နဲ့ ဘေးလ်ဘယ်လို တွဲကစားမယ် ဆိုတာက စိတ်လှုပ်ရှား စရာပါပဲ"ဟုလည်း မှတ်ချက်ပြုသွားသည်။
Planet Myanmar Network
0 comments:
Post a Comment