Tuesday, September 10, 2013

ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် ပြန်လည်သတ်မှတ်ပေးရန် ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး အတည်ပြုလက်မှတ်ရေးထိုး

ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားတောင်ဘက်မုခ်ရှိ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် ပြန်လည်သတ် မှတ်ပေးရန် ထောက်ခံထားသော ရခိုင်တိုင်းရင်းသားများ၏ အဆိုပြုချက်ကို ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က အတည်ပြုကြောင်း လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါအတည်ပြုချက်ကို စက်တင်ဘာ ၉ ရက်ကရန်ကုန်မြို့ MCC ခန်းမတွင် ကျင်းပသည့် ၇၄နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ ဂုဏ်ပြု အခမ်းအနားတွင် ဦးဇော်အေးမောင်က လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ သတ်မှတ်ပေးရန် အခမ်းအနားတက်ရောက်လာသော ရဟန်းရှင် လူပရိသတ်များ ကလည်း တောင်းဆို ကြသည်။

ဦးဇော်အေးမောင်က “ဦးဥတ္တမပန်းခြံအဖြစ် ပြန်လည်သတ်မှတ်ပေးဖို့ သမ္မတနဲ့ လွှတ်တော်နှစ်ရပ်လုံးကို တင်ပြသွားမှာပါ” ဟုပြောသည်။

အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက် ခဲ့ရာ ဆရာတော် ဦးဥတ္တမကိုရည်မှန်းပြီး ပန်းခြင်းကပ်လှူပူဇော်ခဲ့သည်။

ယင်းပွဲသို့ ဆရာတော်ဦးဝီရသူလည်း တက်ရောက်ခဲ့ပြီး “ဦးဥတ္တမလမ်းစဉ်အတိုင်း လုပ်ဆောင်ကြ ရန် မြန်မာပြည်က ရဟန်းတော်အားလုံးကို တိုက်တွန်းသွားမယ့်အကြောင်း ဆရာတော် ဦးဥတ္တမကို တပည့်တော် လျှောက်ထားအပ်ပါ သည်” ဟု ဆရာတော် ဦးဥတ္တမကို ရည်မှန်းမိန့်ကြားသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရက ဆရာတော်ဦးဥတ္တမ၏ လွတ် လပ်ရေးကြိုးပမ်းမှုများကို ဂုဏ်ပြု သည့် အနေဖြင့် ဦးဥတ္တမပန်းခြံဟု ခေါ်ဝေါ်စေခဲ့ပြီးနောက်ပိုင်းတွင် ကန်တော်မင်ပန်းခြံ ဟု ခေါ်စေ ခဲ့ခြင်း ဖြစ်သည်။

Mizzima

0 comments:

Post a Comment